Pages

Saturday, October 20, 2012

အဘနာမည်က ဦးမြအေးပါ post by Say Nyon Thu



"အဘနာမည်က ဦးမြအေးပါ။ အသက် ၇၈ နှစ်ရှိပါပြီ။ တောင်သမန်အင်းမှာ ငှက်( သဗ္မာန် ) ခတ်စားတာ ပြား ၂၀ ခေတ်ကထဲကပါ။ အဘက မနက် အိမ်ကထွက်ရင် နမောတဿ ဘုရားရှိခိုးပြီး သရဏဂုံ သုံးပါးတည်ပြီးမှ ဒီကိုလာတာ"
အဘတို့ဆီမှာတော့ တစ်ချို့က ကုလားတွေနဲ့ နီးနီးနေရတော့ ကြောက်တာပေါ့။ ကုလားရွာတွေ ဘေးမှာ ရှိတယ်လေ။ အဘကတော့ မကြောက်ပါဘူး။ တကယ်တော့ ဒါတွေက ဘာသာတရားကို တကယ်နားမလည်လို့ ဖြစ်ကြတာပါ။ ကုလားတွေက ဒါနပြုလုပ်တာ ကိုအားပေးတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်တာကို မိစ္ဆာအယူလို့ သတ်မှတ်တယ်။
အင်းဝမှာ မကာပြန် ဘုန်းကြီးတစ်ပါးရှိပါတယ်။ သူ့အကိုတွေလည်း ယခုလက်ရှိရှိပါတယ်။ ကုလားသူဋ္ဌေးတွေ အကုန်မကာပြန်တွေကြည့်ပါပဲ။ အဲဒီဘုန်းကြီးကတော့ ရှင်းတယ် သူ့ဆွေမျိုး ကုလားတွေ ဘုန်းကြီးကျောင်းကို လာရင် ဘာသာရေးနဲ့ ပတ်သက်ရင် ဘာမှ မပြောပါနဲ့ ပြန်ပါ။ ကျန်တဲ့ ကိစ္စ ပြောမယ်ဆိုရင် လာလို့ရတယ်လို့ ပြတ်ပြတ်ပြောတာ။ သူက မကာကနေ ဘုရားဖူးပြန်လာပြီး ဗုဒ္ဓဘာသာထဲကို ပြောင်းလိုက်တာ အဘနဲ့လည်း သိတ်ခင်တယ်။ အဘလာရင် ကြောင်အိမ်ထဲမှာ ၀က်သားဟင်းတွေ ကြိုက်တာစားသွားဆိုပြီး ခွင့်ပေးတယ်"
ဘာသာခြားတွေ ဗုဒ္ဓဘာသာထဲကို ကူးပြောင်းဝင်ရောက်လာတယ် ဆိုတာ လေ့လာကြည့်ပြီး သဘောကျလို့ပါ။ မြန်မာနိုင်ငံမှာ မွတ်ဆလင် ဘာသာထဲကို ယုံကြည်မှုကြောင့် ဘာသာကူးပြောင်း ၀င်ရောက်တယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ တစ်ချို့တစ်လေဆိုရင် ဘုရားရောင်ခြည်တော် လွှတ်တာ မြင်ရဖူးရပြီး ဗုဒ္ဓဘာသာကို ကူးပြောင်းလာတာပါ။ ဗုဒ္ဓဘုရားဆင်းတုတော် ပုထိုးတော်များမှ လွဲပြီး မည်သည့် ဘာသာရေး ပုံတော် အဆောက်အဦးများကမှ ထူးခြားတဲ့ ရောင်ခြည်များ ထွက်ခြင်း ထူးခြားသည့် ဖြစ်စဉ်များ ဖြစ်ခြင်းဆိုတာ မရှိပါဘူး။

No comments:

Post a Comment