Pages

Saturday, December 29, 2012

မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ ကြေးသားရုပ်တုတော်ဗိမာန် (16 photos)


ငါ့ရင်ထဲက ဘာသာတရား

မြန်မာပြည်သား တစ်ယောက် အနေနဲ့ ရင်ထဲမှာ ဘာသာတရားရှိပုံလေးကို သဘောကျ ပီတိဖြစ်လွန်းလို့ ပြန်ရှယ်လိုက် တာပါ (အောက်တွင် မည်သည့် ဘာသာတရားကို မှ ထိခိုက် ပြီး comment ရေး သားခြင်း မပြု ပါ ရန် ကျွန်တော်တောင်းပန်အပ်ပါတယ်ခင်ဗျာ )
ဘယ်သူ မိုးခါးရေသောက
်သောက် ကိုယ်မသောက်
ကျွန်တော် ပြောချင်တာက ဘယ်သူ မကောင်းမူ ပြုပြု ကိုယ်မပြု
ဘယ်သူ မကောင်းတာလုပ်လုပ် ကိုယ်မလုပ်
ဘယ်သူ မကောင်း တာပြောပြော ကိုယ်မပြော
သူလမ်းသူသွား ကိုယ့်လမ်းကိုယ်သွား
အသွားကောင်းတဲ့သူ လမ်းမှန်ရောက်မှာပေါ့ဗျာ
Afraid admin


ငါယုံကြည်ရာ ငါ့ဘာသာသည်

မီးရှို့ဖယ်ဖျောက် ပြာပုံရောက်လည်း

ငါရဲ့ရင်ထဲ ငါ့အသည်းမှာ

မပျောက်နိုင်ပါ...

ငါယုံကြည်ရာ ငါ့ဘာသာသည်

တစ်ခြားလူမမှန် ဝေဖန်ကြလည်း

ငါ့ရဲ့ရင်ထဲ အသည်းထဲမှာ

မပျောက်နိုင်ပါ...

ငါယုံကြည်ရာ ငါ့ဘာသာသည်

ဓါးလှံလက်နှက် ချိန်းခြောက်လျှက်လည်း

ငါရဲ့ရင်ထဲ ငါ့အသည်းမှာ

မပျောက်နိုင်ပါ...

ငါယုံကြည်ရာ ငါ့ဘာသာကို

ဘယ်သူစော်ကား ဘယ်လိုများစေ

ငါ့ရင်ထဲမှာ ထာဝရင်သန်

ငါသေပြန်လည်း မြေမှုန့်အဖြစ်

အုတ်ကျောက်ဖြစ်ကာ

သာသနာ့စေတီ ငါပြန်တည်မည်

ငါ့ရင်ထဲက ဘာသာတရား.....

(Credit to _ Prince Akarit)
မြန်မာပြည်သား တစ်ယောက် အနေနဲ့ ရင်ထဲမှာ ဘာသာတရားရှိပုံလေးကို သဘောကျ ပီတိဖြစ်လွန်းလို့ ပြန်ရှယ်လိုက် တာပါ (အောက်တွင် မည်သည့် ဘာသာတရားကို မှ ထိခိုက် ပြီး comment ရေး သားခြင်း မပြု ပါ ရန် ကျွန်တော်တောင်းပန်အပ်ပါတယ်ခင်ဗျာ ) ဘယ်သူ မိုးခါးရေသောက်သောက် ကိုယ်မသောက် ကျွန်တော် ပြောချင်တာက ဘယ်သူ မကောင်းမူ ပြုပြု ကိုယ်မပြု ဘယ်သူ မကောင်းတာလုပ်လုပ် ကိုယ်မလုပ် ဘယ်သူ မကောင်း တာပြောပြော ကိုယ်မပြော သူလမ်းသူသွား ကိုယ့်လမ်းကိုယ်သွား အသွားကောင်းတဲ့သူ လမ်းမှန်ရောက်မှာပေါ့ဗျာ Afraid admin   ငါယုံကြည်ရာ ငါ့ဘာသာသည်  မီးရှို့ဖယ်ဖျောက် ပြာပုံရောက်လည်း  ငါရဲ့ရင်ထဲ ငါ့အသည်းမှာ  မပျောက်နိုင်ပါ...  ငါယုံကြည်ရာ ငါ့ဘာသာသည်  တစ်ခြားလူမမှန် ဝေဖန်ကြလည်း  ငါ့ရဲ့ရင်ထဲ အသည်းထဲမှာ  မပျောက်နိုင်ပါ...  ငါယုံကြည်ရာ ငါ့ဘာသာသည်  ဓါးလှံလက်နှက် ချိန်းခြောက်လျှက်လည်း  ငါရဲ့ရင်ထဲ ငါ့အသည်းမှာ  မပျောက်နိုင်ပါ...  ငါယုံကြည်ရာ ငါ့ဘာသာကို  ဘယ်သူစော်ကား ဘယ်လိုများစေ  ငါ့ရင်ထဲမှာ ထာဝရင်သန်  ငါသေပြန်လည်း မြေမှုန့်အဖြစ်  အုတ်ကျောက်ဖြစ်ကာ  သာသနာ့စေတီ ငါပြန်တည်မည်  ငါ့ရင်ထဲက ဘာသာတရား.....  (Credit to _ Prince Akarit)

ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် ...

မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။(ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Srike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။
...
ဥပမာတစ်ခု ပြောပြ ရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…

ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြ တယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား) မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။
ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...

မြတ်စွာဘုရားက "ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ"ဆိုတာမရှိဘူး အဲဒီ
တော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။

(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)

ဝတ္ထုငွေကြေး ကိုင်သုံးခြင်း အတွက် အပြစ်ဖြစ်မဖြစ်



ဝတ္ထုငွေကြေး ကိုင်သုံးခြင်း အတွက် အပြစ်ဖြစ်မဖြစ်
-----------------------------------------------------
ဖြေ။…………….။ ရဟန်းတွေ မကိုင်ရဘူးဆိုတာ မှန်တယ်။ ဒုတိယ သံဂါယတ နာတင်တာကတော့ ငွေဖလားနဲ့ ပိုက်ဆံအလှူခံတာကြောင့် တင်တာ။ ပိုက်ဆံ ကိုင်လို့ တင်တာချည်းမဟုတ်ဘူး။ ငွေဖလားနဲ့ ဥပုဒ်နေ့တွေမှာ အလှူခံလို့တင် တာ၊ ပိုက်ဆံနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက စည်းကမ်းလုပ် ထားတာရှိတယ်။ ကပ္ပိယ ကာရကနဲ့လက်ခံမယ်ဆိုရင် လက်ခံခွင့်ရှိတယ်ပေါ့။

ဒါကဝိနည်းစကားကနည်းနည်းတော့ ကျယ်ပါတယ်။ အဲဒီတော့ ကျဉ်းကျဉ်း ပြောချင်တာကတော့ ဘုန်းကြီးတွေ ဒီဘဝ မှာ ပိုက်ဆံကိုင်ရတဲ့ ဘုန်းကြီးတွေ များလာရတာက ကပ္ပိယကောင်း မရှိလို့ပါလို့ ဆိုရမှာပါပဲ…(ရယ်သံများ) ကပ္ပိယက စိတ်မချရဘူးတဲ့…

ဒါကြောင့်မို့လို့ ကပ္ပိယကောင်းတွေမရှိလို့ ကိုင်နေကြတာဖြစ်တယ်။ တကယ် တော့ ပိုင်ဆံကိုင်တာ အပြစ်ရှိပါတယ်။ ဘာကြောင့်ပိုက်ဆံကိုင်တာ အပြစ်ရှိသ လဲဆိုတော့ မြတ်စွာဘုရားက ငွေအပ်တယ် ဆိုရင် အားလုံးကို ခွင့်ပြုပြီးသား ဖြစ်သွားလိမ့်မယ်တဲ့။ ကာမဂုဏ်ငါးပါး အပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရ တယ်။ ဆို လိုတာက ဘုရားက ပစ္စည်းတွေကိုသာ အလှူခံခွင့်ပြုတာ ပိုက်ဆံကို ကိုင်ခွင့် မပေးခဲ့ပါဘူး။ ဘုရားလက်ထက်တော်အခါက သင်္ကန်းဝယ်လှူလိုက်ပါဆိုတာ ကပ္ပိယတွေမပေးလို့ ဒုက္ခရောက်တာ ရှိခဲ့ဘူးတယ်။ ဒါကြောင့် ကပ္ပိယကာရက ကောင်း ရှိမယ်ဆိုရင် ပိုက်ဆံမကိုင်နေလို့ရပါတယ်။ စိတ်ချ ရတဲ့ ကပ္ပိယတွေရှိဖို့ လိုပါတယ်။ ကပ္ပိယကောင်းရှားသွားလို့ ဘုန်းကြီးတွေပိုက်ဆံကိုင်တာ များလာ ရခြင်းဖြစ်ပါတယ်။

(ပါချုပ်ဆရာတော်ဘုရားကြီး တရားပွဲ (စင်္ကာပူ) တတိယနေ့တွင် ဖြေကြားခဲ့ သည့် မှတ်သားချက် )

ဘာသာရေး သာသနာအရေး လုပ်သူတိုင်းနှလုံးသွင်း ဆောင်ရွက်သင့်လှတဲ့ အထူးမှာကြားချက်

သြဝါဒဆိုတဲ့ စကားလုံးက အပြစ်မဖြစ်ခင် ကြိုတင်ပြောတဲ့ စကားမျိုးဆုံးမသြဝါ ဒဆိုတာ လမ်းညွှန်မှု တစ်ခုပေါ့နော်၊ အရေးကြီးတာ တစ်ခုကိုမှတ်ဖို့က အလုပ် ကပြောစရာအနေနဲ့ လုပ်တဲ့အလုပ်က ဘာသာရေး အလုပ်ကိုလုပ်တယ်။ နောက်ပြီးတော့ တရားပွဲဖြစ်မြောက်ရေးအတွက် ဝေယျဝစ္စတွေ ဆောင် ရွက် တယ် ဆိုတာဟာ လုပ်ငန်းအနေနဲ့က မြင့်မြတ်ပြီးသား ခုလုပ်တဲ့အလုပ်က မြင့်မြတ်ပြီးသား အဲဒီမြင့်မြတ်တဲ့အလုပ်ကို မြင့်မြတ်တဲ့စိတ်နဲ့ လုပ်ဖို့လိုတယ် ပေါ့။ အရေးကြီးတာဟာ မြတ်စွာဘုရားက Mind Centre teaching လို့ခေါ် တယ်။ စိတ်ကို အဓိကထားပြီး ဆုံးမလေ့ရှိတယ်။

အဲဒါကြောင့်မို့လို့ ကိုယ့်လုပ်တဲ့ လုပ်ငန်းကတော့ မြင့်မြတ်တယ်၊ စိတ်ဓာတ် မြင့်မြတ်ဖို့ လိုအပ်တယ် ပေါ့။ အလုပ်လုပ်ပြီဆိုတဲ့အခါမှာ သူများအပြစ်ကို ရှာ ကြံကြည့်ရှုတဲ့ အလုပ်ကိုမလုပ်ဖို့ လုပ်မိရင် ကိုယ့်မှာ အကုသိုလ်ဖြစ်တယ် ပေါ့၊ တစ်ခုကကုသိုလ်အလုပ်လုပ်တယ် ဆိုပေမယ့်လို့ အကုသိုလ် ဖြစ်တတ်သေး တယ်။ မလုပ်တတ်လို့ရှိရင် အကုသိုလ်ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကုသိုလ် လုပ်ငန်းနဲ့ ပတ်သက်လာလို့ လုပ်မယ်ဆိုရင် ကုသိုလ်ရဖို့ပဲ လုပ်ကြရမယ်။ ကိုယ့်စိတ်ထဲမှာ ဒီကိစ္စနဲ့ပတ်သက် ပြီး အကုသိုလ်မဖြစ်စေရအောင် ထားရ မယ်။ ကုသိုလ်ဖြစ်တယ် အကုသိုလ်ဖြစ်တယ်ဆိုတာ စိတ်ထဲ မှာဖြစ်တာ စိတ် ထဲဖြစ်ပြီးတဲ့အခါ ဝစီကံတို့ ကာယကံတို့ဘက် ရောက်သွားတာပေါ့နော်၊

အဲဒါကြောင့်မို့လို့ စိတ်ထဲမှာ အကုသိုလ်စိတ်မဖြစ်အောင် တို့တတွေ ဒီအလုပ်နဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ကျရာ တာဝန် ကိုယ်လုပ်နိုင်တာကို အားကျိုးမာန် တက်လုပ်မယ်။ ကုသိုလ်ရဖို့ အဓိကထားပြီးလုပ်မယ်၊ ဘာ သာ သာသနာရဲ့ အဆုံးအမအတိုင်း စိတ်ထဲမှာနှလုံးသွင်းပြီး ကိုယ့်ရဲ့လုပ်ကိုင်မှုတွေ အားလုံးဟာ ကုသိုလ်သာ ဖြစ်စေရမယ်၊ အကုသိုလ်မဖြစ်စေရဘူး၊ ငါလုပ်သမျှသည် ကု သိုလ်လုပ်ငန်းဖြစ်သည့်အတွက်ကြောင့် စိတ်ထဲမှာအကုသိုလ်ဆိုတာ မဖြစ်စေ ရဘူး။ နောက်ဆုံးမှာအချင်းချင်း တစ်ယောက်ပေါ် တစ်ယောက် အပြစ်မြင်လို့ပြီဆိုရင် အကုသိုလ်ဖြစ်သွား တတ်တယ်ပေါ့နော်၊ အဲဒီလိုမဖြစ်အောင် ကိုယ့် စိတ်ထဲမှာ ဘယ်သူအပြစ်မှ မကြည့်ဘဲနဲ့ ကိုယ်အပြစ်မဖြစ်အောင်လုပ်မယ်၊ ကိုယ်လုပ်တဲ့ လှုပ် ရှားသမျှသည် သာသနာအတွက် လုပ်ရှားတာ ဖြစ်တယ်လို့ ကိုယ့်စိတ်ထဲမှာထားပြီး ကိုယ်လုပ်ရင် ကိုယ်ကုသိုလ်ရဖို့ သေချာတယ်၊ အခြားပုဂ္ဂိုလ်ရဲ့ အပြစ်အနာအဆာတွေကိုမရှုဘူး၊ ကိုယ်လုပ်နိုင်တာ ကို ကိုယ်လုပ်မယ် ကိုယ်လုပ်သမျှသည် ကိုယ့်ဘာသာသာသနာအတွက် အလုပ်ခြင်းသာ ဖြစ်တယ်လို့ စိတ်ထဲမှာခံယူပြီး အဲဒီလို လုပ်မယ်ဆိုရင် ကုသိုလ်စစ်စစ်ရကြမှာဖြစ်ပါတယ်။ အဲဒီလို ကုသိုလ်စစ်ရ အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ ကုန်သတည်း… (သာဓု၊ သာဓု၊ သာဓုပါဘုရား)

(စင်္ကပူတရားပွဲ နောက်ဆုံးနေ့မှာ ပါချုပ်ဆရာတော်ဘုရားကြီးက တရားပွဲဖြစ်မြောက်အောင် ဝေယျ ဝစ္စဆောင်ရွက်ပေးခဲ့သူများကို မိန့်ဆိုခဲ့တဲ့ သြဝါဒကထာ လေးပါ။)

အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါသနည်း

မေး။………..။ ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါကြောင်း တပည့် တော်အား ဖြေကြားပေးတော်မူပါ။ (ဇေယျာနောင်(စင်္ကာပူ))

ဖြေ။…………..။ ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိတယ် မဟုတ်လား၊ (သိပါတယ် ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ ဗိုက် ဆာမှာပေါ့။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေး ကြီး တယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ ဆိုပါစို့ ကိုယ့်စိတ်အကြောင်း ကိုယ့် လေ့လာချင်တယ် ဆိုလိုရှိရင် ကောင်းတဲ့စိတ်လား မကောင်းတဲ့စိတ်လား
သိဖို့ရာ အဘိဓမ္မာကို လေ့လာမှ ပိုပြီးသိတယ်။

အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ Analyst လုပ်တတ်မှ ခွဲခြား စိတ်ဖြာ ပြီးတော့သိတာ၊ အနတ္တသဘောတရားကိုလည်း အဘိဓမ္မာလေ့လာ ခြင်းဖြင့် ပိုပြီးထင်ရှားစေတယ်ပေါ့၊ ဗုဒ္ဓဘာသာဝင်ဖြစ်လာလို့ရှိရင် ဝိပဿနာ ကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အဘိဓမ္မာဘာသာရပ်ကို လေ့လာထား ရမယ်။ ဒါဟာ အရေးကြီးတယ်ပေါ့၊ အထူးသဖြင့် ဘဝမှာအဘိဓမ္မာသင်ထား
တဲ့ အတွက်ကြောင့် ကိုယ့် ဘဝရဲ့ အဓိပ္ပာယ်ကို ကိုယ်နား လည်လာတယ်။ ကိုယ့်အကြောင်း ကိုယ်နားလည်တယ်၊ လောကမှာ မေးလာရင် မင်းအကြောင်း မင်းသိလားဆို အော်-သိတာပေါ့ ဘယ်မြို့မှာမွေးတာ အမေကဘယ်သူ အဖေကဘယ်သူ နံမည်ကဘယ်သူ ဒီလောက်ပဲပြောနိုင် မယ်မဟုတ်လား မင်း ဘယ်ဘဝကလာတယ် ဆိုတဲ့ Quention ကို ဘယ်လိုဖြေမလဲ။ ဘယ်ကလ တာတုန်း ဘယ်သွားမှာတုန်းဆိုတဲ့ မေးခွန်းတွေ ကြတော့ မဖြေနိုင်တော့ ဘူးလေ။

ဒီတော့ အဘိဓမ္မာတတ်ထားတဲ့ ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီး ကိုယ့်အကြောင်းနဲ့ကိုယ် နားလည်မှုရှိတယ် ပေါ့။ ကိုယ့်အကြောင်းကို နားလည်ချင်တယ် ကိုယ့်ရဲ့ဘဝ ကိုယ်နားလည်ချင်တယ်၊ ကိုယ့်စိတ်ကိုယ် နားလည်ချင်တယ် စိတ်ထဲမှာ ထားရမဲ့စိတ် မထားရမဲ့စိတ်ကို နားလည်ချင်တယ်ဆိုရင် အဲဒါတွေနား လည်မှ ဘဝဟာပိုပြီး အဓိပ္ပာယ်ရှိတယ် ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိဖို့အတွက်က အဘိ ဓမ္မာဘာသာရပ် ဟာ အရေးကြီးတယ်လို့ ဒီလိုပြောရမှာဖြစ်တယ်။

အဘိဓမ္မဆိုသည်မှာ Profound ဓမ္မ Profound doctrinesပဲ ရုပ်တရား နာမ် တရားတွေနဲ့ ပတ်သက်ပြီးသိရှိဖို့ ဝိပဿနာတရား ကျင့်စဉ်တွေ ကျင့်ဖို့လည်းပဲ အဘိဓမ္မာဘာသာရပ်ဟာ အထောက်အ ကူ အများချည်း ဖြစ်တယ်ပေါ့။ Underlectical Knowledge Job mind & Matter အထောက်အကူပြု တဲ့ ဘာသာတစ်ခု ဖြစ်တယ်ပေါ့။

ဒါကြောင့်မို့ အဘိဓမ္မာကို နားလည်ခြင်းဖြင့် ကုသိုလ်အကုသိုလ်ကို နားလည်ပြီး ဘဝမှာ အမှားနည်း သွားမယ် အမှားနည်းပြီး အမှန်ကိုလုပ်နိုင်မယ် ဖြစ်ခြင်း ကြောင့် အဘိဓမ္မာဟာ အင်မတန် အရေးကြီး ပါတယ်လို့ ပြောပါရစေ။

(ပါချုပ်ဆရာတော်ဘုရားကြီး စင်္ကာပူတရားပွဲ ပထမနေ့တွင် ဖြေကြားခဲ့သည့် မေးခွန်း အဖြေလွှာမှ )

Thursday, December 27, 2012

မင်္ဂလာ နံနက်ခင်းနဲ့ မေတ္တာသုတ္တံ


အားလုံးကို မင်္ဂလာ နံနက်ခင်းနဲ့ အတူ ဆုတောင်း...
Dhammadownload Web Master 28 December 07:19
အားလုံးကို မင်္ဂလာ နံနက်ခင်းနဲ့ အတူ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်..

ဘေးအန္တရယ်နှင့် ဒုက္ခဆင်းရဲတို့ကို ခံစားနေရသော လူ၊ နတ်၊ သတ္တဝါတွေ၊
ဘေးဒုက္ခအန္တရယ်များကို ကျော်လွှားနိုင်ကြပါစေ...
ဘေးဒုက္ခခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
ကျန်းမာ..ချမ်းသာ ကြပါစေ...

မေတ္တာသုတ္တံ

၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။ ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။
၉။မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနောယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာတု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။

*****************************
အနက် အဓိပ္ပါယ်(ပထမ ၂ ပိုဒ် သည် ဘုရားဟောထဲ မပါ .ပါ) - မေတ္တာသုတ် အညွှန်း
******************************
၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။

*************************************************
မေတ္တာသုတ္တံ (ဒုတိယ ၂ ပိုဒ်) - မေတ္တာ ဘာဝနာ ပွားများ သူများ ပြည့်စုံရမည့် အင်္ဂါ ၁၄ ချက်
*************************************************
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ - နိဗ္ဗာန်ကို လိုချင်သော လိမ္မာပါးနပ်သော ပုဂ္ဂိုလ်တဦးသည် တကယ်ကို အလုပ် လုပ်ရပါမည်။ နိဗ္ဗာန်ကို လိုချင်သော ပုဂ္ဂိုလ်တဦးသည် အင်္ဂါ ၁၄ ချက်နှင့် ပြည့်စုံအောင် ကြိုးစားရပါမည်။

၁) သက္က - စွမ်းနိုင်သူ (လုံလ ဝိရိယနှင့် ပြည့်စုံခြင်း၊ ယုံကြည်ချက် ပြင်းထန်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်ခြင်း၊) သူ ဖြစ်ရပါမည်။
၂) ဥဇူစ - ကိုယ်စိတ် နှစ်ပါး သည် ရိုးသား ဖြောင့် မတ် သူ ဖြစ်ရပါမည်။
၃) သုဟုဇူ - မနော ဒွါရသည်လဲ ရိုးသား ဖြောင့် စင်းသူ ဖြစ်ရပါမည်။
၎) သုဝစ - အကြံပေးသည့်အခါ ပြောလို့ ဆိုလို့ လွယ်သူ ဖြစ်ရမည်။
၅) မုဒု - ကိုယ် နှုတ် စိတ် ၃ ပါး ယဉ်ကျေး သိမ်မွေ့နေသူ ဖြစ်ရမည်။
၆) အနတိမာနီ - အလွန်မောက်မာသော မာန်မာနတွေ မရှိရပါ။
၇) သန္တုဿကော - ရသမျှနဲ့ ရောင့်ရဲ တင်းတိမ်နေသော ပုဂ္ဂိုလ် ဖြစ်ရပါမည်။ ဇီဇာကြောင်သော ဂျီးများသော ပုဂ္ဂိုလ် မဖြစ်ရပါ။ (ဥပမာ - အချို၊ အငံ မစားချင်၊ စသည်)
၈) သုဘရော - မွေးမြူလွယ်သူဖြစ်ရမည်။
၉) အပ္ပကိစ္စော - ကိစ္စ နည်းပါးသူ ဖြစ်ရပါမည်။
၁၀) သလ္လဟုကဝုတ္တိ - Simple Life ဝန်ထုပ် ဝန်ပိုး မများသော ပေါ့ပါး နေထိုင် သွားလာနိုင်သူ ဖြစ်ရပါမည်။
၁၁) သန္တိန္ဒြိယော - ငြိမ်သက်သော အိနြေ္ဒ ရှိသူ ဖြစ်ရပါမည်။
၁၂) နိပကော - အသိပညာ ဥာဏ်ပညာ ရင့်ကျက်နေရပါမည်။ ကမ္မဋ္ဌာန်း ၄ဝ မှ တမျိုးမျိုးကို နားလည် သဘောပေါက်ထားရပါမည်။
၁၃) အပ္ပဂဗ္ဘော - ကိုယ်ရော စိတ်ရော နှုတ်ရော ကြမ်းတမ်းသော ပုဂ္ဂိုလ် မဖြစ်ရပါ။
၁၄) ကုလေသွ န နုဂိဒ္ဓေါ - ရဟန်းတော်များသည် ဒါယိကာ၊ ဒါယိကာမတွေ အပေါ်မှာ တွယ်တာနေမှု၊ မရှိရပါ၊

***************************************************
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။

ဘုရား အမှုးပြုသော ရဟန္တာ အရိယာပုဂ္ဂိုလ်ကြီးတွေက မကြိုက်မနှစ်သက်သော အရာတွေ၊ ဒီအမှုကိစ္စတွေဟာ မကောင်းဘူးလို့ သတ်မှတ်ထားတာတွေကို ဘယ်တော့မှ မလုပ်ပါဘူးဟု စိတ်ကို ဒုံးဒုံးချရပါမည်။

****************************************************
မေတ္တာပွားနည်း (၁၁) မျိုး

သတ္တဝါတို့ အကျိုး စီးပွား ကို လိုလား တဲ့ အနေနဲ့ ပို့သသောမေတ္တာ (၈) မျိုး
===== ၃၁ ဘုံ ရှိသတ္တဝါတွေကို ဘာမှ မခွဲခြားဘဲ အကုန်ပေါင်းပြီး ပို့သသောမေတ္တာ (၁)မျိုး
===== ၂ မျိုး တစုစီ ၄စု ခွဲပြီး ပို့သသောမေတ္တာ (၄)မျိုး
===== ၃ မျိုး တစုစီ ၃စု ခွဲပြီး ပို့သသော မေတ္တာ (၃)မျိုး
သတ္တဝါတို့ အကျိုး စီးပွား မဲ့ခြင်းကို ပါယ်ရှား တဲ့ အနေနဲ့ ပို့သသောမေတ္တာ (၂) မျိုး
သတ္တဝါတို့ အကျိုး စီးပွား ရှိခြင်းကို ဆောင်လိုသော အနေနဲ့ ပို့သသောမေတ္တာ (၁) မျိုး
**********************************************
မေတ္တာပို့ အစ….

သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
************************************************
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။

(ဒေါသကိလေသာကို မပါယ်သတ် ရသေးသဖြင့် ကြောက်တတ်သော ပုထုဇဉ်၊ သောတာပန်၊ သဒ္ဒါဂါမ်) ၊
(ဒေါသကိလေသာကို ပါယ်သတ် ပြီးသဖြင့် မကြောက်တတ်သော အနာဂါတ်၊ရဟန္တာ)
ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
*************************************************
ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

ဒီဃာ - ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

မဟန္တာ - ကြီး ငယ် အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ထူလာ - ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

*************************************************
၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ - မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ - ဝေးနေ၊ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ဘူတာဝ သမ္ဘဝေသီဝ - ( ဘဝဇာတ်ဆုံး ပြီဖြစ်သော ဘုရား၊ ရဟန္တာ ပုဂ္ဂိုလ်)၊ (ဘဝဇာတ် မဆုံးသေးသော ဘုရား၊ ရဟန္တာ မဟုတ်သော များလှစွာ သော ပုထုဇဉ်၊ သောတာပန်၊ သဒ္ဒါဂမ်၊ အနာဂါမ်များ) ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

***************************************************
သတ္တဝါတို့ အကျိုး စီးပွား မဲ့ခြင်းကို ပါယ်ရှား တဲ့ အနေနဲ့ ပို့သသော မေတ္တာ (၂) မျိုး

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။

န ပရော ပရံ နိကုဗ္ဗေထ၊ - လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

နာတိမညေထ ကတ္ထစိ န ကဉ္စိ။ - အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။ - ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

***************************************************
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

ငါသည် လောကကြီးတခုလုံးရဲ့ မိခင်တဦးဖြစ်သည်။ လောကကြီးမှာ ရှိသော သတ္တဝါတိုင်းကို မိမိ၏ ရင်မှ မွေးဖွားလာသော တဦးတည်းသော သား သမီးငယ် ကို မေတ္တာဖြင့် အသက်ပေး စောက်ရှောက်သကဲ့သို့ သတ္တဝါတိုင်းအပေါ် မေတ္တာစိတ် ထားရှိ ရပါမည်။

***************************************************
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

ငါသည် ငါနှင့်သက်ဆိုင်သော ဘုံ တမျိုးကိုသာ မေတ္တာပို့မည်၊ အမျိုးတူ၊ ဘာသာတူတွေကိုဘဲ မေတ္တာပို့မည်ဟု စိတ်မထားဘဲ အထက်ဆုံးဖြစ်သော အရူပ လေးဘုံ၊ အောက်ဆုံးဖြစ်သော အပါယ်လေးဘုံ အလယ်အလတ် ဖြစ်သော ရူပ ၁၆ ဘုံ၊ အစရှိသော ၃၁-ဘုံတွင် ရှိရှိသမျှသော သတ္တဝါအားလုံးတို့အား ရန်ငြိုးလုံးဝမရှိသော မေတ္တာစိတ် ထားရပါမည်။

***************************************************
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနောယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာတု။

မေတ္တာဘာဝနာ ကမ္မဋ္ဌာန ဘာဝနာ ပွားများသူသည် တိဋ္ဌံ (ရပ်ခြင်း) စရံ (သွားခြင်း) နိသိန္နော (ထိုင်ခြင်း) သယာနော (လျှောင်းခြင်း) အရိယာပုတ်မရွေး ပွားများ အားထုတ်နိုင်ပါသည်။
မေတ္တာဘာဝနာ ပွားများနေသူသည် ဗြဟ္မကြီးတွေရဲ့ နေခြင်းနှင့် တူသော မြတ်သော နေထိုင်ခြင်းဖြင့် နေထိုင်နေသော ပုဂ္ဂိုလ် ဖြစ်ပါသည်။
***************************************************
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ ၻေသယ် ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။

မေတ္တာဘာဝနာဖြင့် သမာဓိ ထူထောင်လာသော ပုဂ္ဂိုလ်သည် ဥပဇာန သမာဓိ အဆင့်ရောက်ရှိလာသည့်အခါ သတ္တဝါတွေကို အခြေခံပြီး ပွားနေရသဖြင့် မတော်တဆ အတ္တဒိဋ္ဌိ၊ ပုဂ္ဂလဒိဋ္ဌိတွေနဲ့ မယိုင်သွားရအောင် အနတ္တလက္ခာသုတ်မှာ ပါရှိသည့်အတိုင်း အတိတ်၊ ပ္ပုစ္စုပ္ပါန်၊ အနာဂါတ် (၁၁)မျိုး ပြရှိသော ရုပ်တွေ မှန်သမျှ အပေါ်မှာ ငါ၊ ငါ့ ဥစ္စာ မဟုတ်ပါဟု ရှုမှတ်ပွားများ အားထုတ်ရပါမည်။
မေတ္တာဘာဝနာမှ သမာဓိဘာဝနာထူထောင်ပြီး၍ အနတ္တလက္ခာသုတ်မှာ ပါရှိသည့်အတိုင်း လက္ခာရေး ၃ ချက် အတိုင်း ဝိပဿနာ တရားတွေ အာထုတ်နေသော ပုဂ္ဂိုလ်သည် သောတာပန်၊ သဒ္ဒါဂါမ်၊ အနာဂါမ် အထိ အရိယာတွေ ဖြစ်လာကြပါမည်။
***************************************************
ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဘာသာပြန် ဖွဲ့ဆိုထားသော မေတ္တာသုတ် (မှတ်ချက်။ ကြောက်တတ်၊ မကြောက်တတ်နှင့် ဘဝဇာတ်ဆုံး မဆုံးများစွာ ကိုရွတ်ဆိုရာတွင် အရိယာတို့၏ စိတ်ထားကို မူတည်၍ ၂ စု ခွဲထားကြောင်း မှန်းဆရပါမည်။)

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဝေးနေ၊နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

**************************************

ပါချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ၏ မေတ္တာ သုတ်အနှစ်ချုပ် တရားတော်

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/DVD-02/267-Dr-Nandamalabhivamsa-DVD-Mp3.mp3

http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MyitTarThotAhNitChoke.pdf

**************************************
ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ၏

၁၄-၄-၂၀၁၂ (ညနေ) မေတ္တာ မန္တာန် (၁) (မေတ္တာသုတ္တန်) တရားတော်

http://dhammadownload.com/MP3Library/Bhaddanta-ThuseilthaBhivamsa/05-Bhaddanta-ThuseilthaBhivamsa-14-4-2012-evening.mp3

http://www.ustream.tv/recorded/21830189

၁၅-၄-၂၀၁၂ (နံနက်) မေတ္တာ မန္တာန် (၂) (မေတ္တာသုတ္တန် အဆက်)

http://dhammadownload.com/MP3Library/Bhaddanta-ThuseilthaBhivamsa/06-Bhaddanta-ThuseilthaBhivamsa-15-4-2012-morning.mp3

http://www.ustream.tv/recorded/21851184
dhammadownload.com

by Dhammadownload Web Master

Tuesday, December 25, 2012

“ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်ဖြစ်စေဖို့”

ဒီလို နိမိတ်စွဲတွေကိုတော့ ဘုရားရှင်က ကောတုဟလမင်္ဂလာနိမိတ်လို့ခေါ်ပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒါယကာ - ဒါယိကာမ စစ်စစ်တွေဟာ ဒါတွေကို ယုံကြည်တာ မသင့်တော်ဘူးဆိုတဲ့အကြောင်း အင်္ဂုတ္ထိုရ်ပါဠိတော်မှာ အတိလင်းဟောကြားထားခဲ့
ပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာမဟုတ်ပဲ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ချင်တယ်ဆိုရင် ကမ္မဿကတာ - သမ္မာဒိဋ္ဌိ အယူတွေမှန်စေချင်ပါတယ်။ " ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာ လုပ်ရင်မကောင်းတာဖြစ်မယ်ပေါ့"။ ဒီလိုအရာတွေပေါ် မူတည်ပြီး မိမိတို့စိတ်က လိုက်ခံစားနေရင် ဗုဒ္ဓဘာသာအစစ်မှန် မဟုတ်သေးပါဘူး။

ထေရ၀ါဒ ဗုဒ္ဓဘာသာတစ်ယောက်စစ်စစ်ဖြစ်ဖို့ ဘုရားရှင်က အောက်ပါ အချက်(၅)ချက်ကိုချပြခဲ့ပါတယ်။ မိမိတို့လည်း မှတ်ကျောက်တင်ခံနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ငါထေရ၀ါဒစစ်စစ်တစ်ယောက်မှ ဟုတ်ရဲ့လား။
(၁) ယုံကြည်မှုသဒ္ဓါ တရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ။



လင်းတနား နိမိတ်အဟော

၁။ လင်းတသည်အရှေ့ဘက်မှ လာ၍နားမူ ပျက်ဆီးတတ်သည်။ လင်းတသည် အနောက်ဘက်မှ လာ၍နားမှု ခိုးသူဘေးတွေ့တတ်သည်။

၂။ လင်းတသည် တောင်အရပ်မှ လာ၍နားမူ သောကရောက်တတ်သည်။ လင်းတသည် မြောက်အရပ်မှ လာ၍နားမူ စီးပွားတိုးတက်တတ်သည်။

၃။ လင်းတသည် အရှေ့တောင်အရပ်မှ လာ၍နားမူ ရန်ပွားတတ်သည်။ လင်းတသည် အနောက်မြောက်မှ လာ၍ နားမူ လာတ်ရတတ်သည်။

၎။ လင်းတသည် အနောက်တောင်မှ လာ၍နားမူ ဥစ္စာရတတ်သည်။ လင်းတသည် နေ၀င်ချိန်လာ၍နားမူ လာတ်ရတတ်သည်။ လင်းတသည် သူငယ်အိပ်ချိန် လာ၍နားမူ ဆင်းရဲတတ်သည်။

၅။ လင်းတသည် မွန်းတည့်ချိန် လာ၍နားမူ စီးပွားတိုးတက်တတ်သည်။ လင်းတသည် မွန်းလွဲချိန်လာ၍နားမူ ချမ်းသာတတ်သည်။ လင်းတသည် အရှေ့ဘက်မျက်နှာပြု၍ နားမူ စီးပွားတိုးတက်တက်သည်။

၆။ လင်းတသည် အနောက်ဘက်မျက်နှာပြု၍ နားမူ လာတ်ရတတ်သည်။ လင်းတသည် တောက်ဘက်သို့ မျက်နှာပြု၍ နားမူ ဖျားနာတတ်သည်။

၇။ လင်းတသည် မြောက်ဘက်သို့ မျက်နှာပြု၍ နားမူ ကူညီသူ ပေါတတ်သည်။ လင်းတသည် အရှေ့မှ လာ၍ အစာအန်မူ ဥစ္စများစွာ ရတတ်သည်။

Post by winnie ko
at ဓမ္မရသနှင့် အတွေးအမြင်စာစုများ credit: https://www.facebook.com/taste.of.dhamma/posts/487787601264600


Saturday, December 22, 2012

“ဝိမောက္ခ” အွန်လိုင်းဓမ္မဂျာနယ် အမှတ်စဉ် - ၁၊ အတွဲ - ၁။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၂။)

ဓမ္မမိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ…။

"ဝိမောက္ခ" အွန်လိုင်းဓမ္မဂျာနယ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီဂျာနယ်ကို စီစဉ်ဖြန့်ဖြူးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအနှံ့အပြားမှာ ရှိနေကြတဲ့ တရားဓမ္မစာပေတွေကို လေ့လာလိုက်စား တန်ဖိုးထားဖတ်ရှုချင်ကြတဲ့ ကွန်ပျူတာနည်းပညာကို မကျွမ်းကျင်ကြသူများ၊ အင်တာနက်သုံးစွဲခွင့် မရကြသူများ၊ သုံးခွင့်ရပေမယ့် အချိန်ကြာကြာ မသုံးဖြစ်ကြသူများ၊ အင်တာနက်ကော်နက်ရှင်အခက်အခဲရှိသူများအတွက် ဒေါင်းလုဒ်ဆွဲချထားပြီး အချိန်အားရမှ အေးအေးဆေးဆေး စိတ်တိုင်းကျ ဖတ်ရှုနိုင်စေရန် နှင့် တခြားအင်တာနက်နှင့်ကွန်ပျူတာ မသုံးဖြစ်ကြတဲ့ မိတ်ဆွေများကိုလည်း လက်ဆင့်ကမ်း ဓမ္မဒါနပြု မျှဝေနိုင်ရန်အတွက် ဖြစ်ပါတယ်။

ဂျာနယ်ထဲမှာဖော်ပြပါရှိတဲ့ အချက်အလက်များ အားလုံးနီးပါးဟာ Facebook နှင့် တခြားအင်တာနက်စာမျက်နှာများမှ ဓမ္မဒါနဖြန့်ဖြူးရေးသားနေကြတဲ့ ပုဂ္ဂိုလ်များရဲ့  အသိပညာပိုင်း ဆိုင်ရာ၊ အနုပညာဆိုင်ရာ ပိုင်ဆိုင်မှုများ (Intellectual Properties) သာ ဖြစ်ပြီး ၄င်းတို့ကို မိမိတို့ ဂျာနယ်မှ ထပ်ဆင့်ဝေမျှခြင်းသာဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ဤဂျာနယ်နှင့်တကွ ဂျာနယ်ပါအကြောင်းအရာများအားလုံးကို ဓမ္မဒါနဖြန့်ဖြူးခြင်းကိစ္စမှတစ်ပါး မိမိတို့၏ ပုဂ္ဂလိက အကျိုးစီးပွားအတွက် မူလပိုင်ရှင်ပုဂ္ဂိုလ်များ၏ ခွင့်ပြုချက်ကို မတောင်းခံပဲ အသုံးမပြုကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်ခင်ဗျာ။


လေးစားစွာဖြင့်
ဝိမုတ္တိသုခ

http://minus.com/lblqlVL7obAUly
http://www.mediafire.com/view/?wlt7l30eb5mrbw4
https://plus.google.com/photos/106121406073143775443/albums/5824628378126696385/5824628394615891874?banner=pwa&authkey=CMzg0aOC7OD7zwE

credit: https://www.facebook.com/photo.php?fbid=498463690176304&set=a.218762134813129.56131.100000380319925&type=1

Friday, December 21, 2012

“ ဝိမောက္ခ ” အွန်လိုင်းဓမ္မဂျာနယ် အမှတ်စဉ် - ၁၊ အတွဲ - ၁။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၂။) Vimuttisukha Bliss

.
.
“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။”
နှုတ်ခွန်းဆက် ပန်ကြားလွှာ
ဓမ္မမိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ…။
“ဝိမောက္ခ” အွန်လိုင်းဓမ္မဂျာနယ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီဂျာနယ်ကို စီစဉ်ဖြနြ့်ဖူးရတဲ့ အဓိကရည်ရွယ်ချက်ကတော့  မြန်မာနိုငင်ံအပါအ၀င်
ကမ္ဘာအနံ့အှ ပြားမှာ ရှိနေကြတဲ့ တရားဓမ္မစာပေတွေကို လေ့လာလိုက်စား
တန်ဖိုးထားဖတ်ရှုချင်ကြတဲ့ ကွန်ပျူတာနည်းပညာကို မကျွမ်းကျင်ကြသူများ၊ အင်တာနက်သုံးစွဲခွင့်
မရကြသူများ၊ သုံးခွင့်ရပေမယ့် အချိန်ကြာကြာ မသုံးဖြစ်ကြသူများ၊
အင်တာနက်ကော်နက်ရှင်အခက်အခဲရှိသူများအတွက် ဒေါင်းလုဒ်ဆွဲချထားပြီး အချိန်အားရမှ
အေးအေးဆေးဆေး စိတ်တိုင်းကျ ဖတ်ရှုနိုင်စေရန် နှင့် တခြားအင်တာနက်နှင့်ကွန်ပျူတာ
မသုံးဖြစ်ကြတဲ့ မိတ်ဆွေများကိုလည်း လက်ဆင့်ကမ်း ဓမ္မဒါနပြု မျှဝေနိုင်ရန်အတွက် ဖြစ်ပါတယ်။
ဂျာနယ်ထဲမှာဖော်ပြပါရှိတဲ့ အချက်အလက်များ အားလုံးနီးပါးဟာ Facebook နှင့်
တခြားအင်တာနက်စာမျက်နှာများမှ ဓမ္မဒါနဖြနြ့်ဖူးရေးသားနေကြတဲ့ ပုဂ္ဂိုလ်များရဲ့  အသိပညာပိုင်း
ဆိုင်ရာ၊ အနုပညာဆိုင်ရာ ပိုင်ဆိုင်မှုများ (Intellectual Properties) သာ ဖြစ်ပြီး ၄င်းတ့ကို မိမိတို့
ဂျာနယ်မှ ထပ်ဆင့်ဝေမျှခြင်းသာဖြစ်ပါတယ်။
သြို့ဖစ်ပါ၍ ဤဂျာနယ်နှင့်တကွ ဂျာနယ်ပါအကြောင်းအရာများအားလုံးကို
ဓမ္မဒါနဖြနြ့်ဖူးခြင်းကိစ္စမှတစ်ပါး မိမိတ့၏ို ပုဂ္ဂလိက အကျိုးစီးပွားအတွက် မူလပိုင်ရှင်ပုဂ္ဂိုလ်များ၏
ခွင့်ပြုချက်ကို မတောင်းခံပဲ အသုံးမပြုကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်ခင်ဗျာ။
ဝိမောက္ခဂျာနယ် - စီစဉ်သူများ

“ဝိမုတ္တိရသ စာစဉ်” မှ တာဝန်ယူ တင်ဆက်ဖြန့်ဝေသည်။
တန်ဖိုး - (အခမဲ့)

Vimuttisukha Bliss ကိုဝိထံမှ တဆင့် ရယူမျှဝေပါသည်။

Thursday, December 20, 2012

အွန်လိုင်းပေါ်မှ ကျင့်ဝတ်များ


ဥပဒေသ (၁) လူသားများဖြစ်ကြောင်း သတိပြုပါ။

ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့အတိုင်းပါပဲ။ ကိုယ်လိုချင်တာ သူများကို ပေးပါ။ ကိုယ်မလိုချင်တာ သူများကို မပေးပါနဲ့။ ကိုယ်ချင်းစာစိတ်မွေးပါ။ သူတပါးခံစားချက်တွေကို ပြက်ရယ်မပြုပါနဲ့။

အွန်လိုင်းပေါ်မှာတော့ ပိုပြီးသတိထားရပါတယ်။ တဖက်က မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ အသံအနိမ့်အမြင့်တွေကို မသိရပဲ စာလုံးတွေချည်း မြင်နေရတာနဲ့ပဲ လူသားတွေဆိုတာကို မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး။

အွန်လိုင်းပေါ်မှာ စကားပြောကြ၊ ဆွေးနွေးကြတဲ့အခါ တဖက်လူရဲ့ ဆိုလိုရင်းကို အဓိပ္ပါယ်မပေါက်တာ၊ ကောက်ချက်လွဲသွားတာတွေ ဖြစ်တတ်ပါတယ်။ တယောက်နဲ့ တယောက်လည်း မသိကြ၊ မဆုံဖူးကြဘူး။ ကွန်ပြူတာကတဆင့် သိကြတာဆိုတော့ ပင်ကိုယ်စရိုက် မဟုတ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာ - ကားမောင်းတဲ့အခါ တဖက်က မောင်းသူကို ဆဲဆိုတာမျိုး၊ ရိုင်းစိုင်းတာမျိုးတွေ လုပ်မိတတ်ကြတယ်။ ဒါပေမယ့် အလုပ်ထဲမှာ၊ အိမ်မှာတော့ အများအားဖြင့် ဒါမျိုးဘယ်တော့မှ မလုပ်ကြပါဘူး။ အွန်လိုင်းပေါ်မှာတော့ အလွယ်တကူ လုပ်မိတတ်ပြန်ရော။ ဒါဟာ လက်သင့်ခံစရာ၊ လိုက်လျောစရာမဟုတ်ပါဘူး။

အွန်လိုင်းသုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့၊ နယ်မြေသစ်တွေကို ရှာဖွေဖို့နဲ့ ရဲရဲရင့်ရင့် တခြားကမ္ဘာအထိ အရောက်သွားဖို့ပါပဲ။ ဒါပေမယ့်လည်း တဖက်က လူသားပကတိဆိုတာ သတိပြုရပါမယ်။ တကယ်လို့များ မျက်နှာချင်းဆိုင်ဆိုရင် ဒါမျိုးပြောဖြစ်မလား လို့ စဉ်းစားသင့်ပါတယ်။အဖြေက ဟင့်အင်းဆိုရင်တော့ အသစ်တခုသာ ပြန်ရေးပါတော့။ သက်ရှိလူသားတယောက်ကို ပြောလို့အဆင်ပြေတဲ့အဆင့်ကို မရောက်မချင်း ထပ်ကာ ထပ်ကာပြန်ရေးပါ။

မျက်နှာတည့်တည့်ကြည့်ပြီး ပက်ပက်စက်စက် ပြောပစ်လိုက်ရမှ အရသာရှိတယ် ထင်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ဒါမျိုးဆိုရင်တော့ ဒီဆောင်းပါးကလည်း မကူညီနိုင်ပါဘူး။ ယဉ်ကျေးလိမ္မာသင်တန်း ပြန်တက်ဖို့သာ ပြောရတော့မှာပဲ။

ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးသင့်တဲ့ နောက်တကြောင်းကတော့ စာလုံးတွေက အွန်လိုင်းပေါ်မှာ မှတ်တမ်းတင်ပြီးသားဖြစ်နေလို့ပါ။ လက်လှမ်းမမှီတဲ့ တနေရာမှာ သိမ်းပြီးသားဖြစ်သွားရင် အရိပ်လိုလိုက်လာတတ်တယ်လေ။

အမေရိကန်သမ္မတအိမ်ဖြူတော်က အိုလီဗာနော့ဆိုရင် ရေးထားသမျှ ဂရုတစိုက်ပြန်ဖျက်တာပဲ။ သူမသိတာက တခြားကွန်ပြူတာတခုက ဖျက်သမျှပြန်သိမ်းနေတာလေ။ နောက်ဆုံး တရားရုံးရောက်တော့ အကုန်လုံးလက်ပူးလက်ကြပ် မိကုန်ပါရောလား။ ဒီလို ရာဇ၀တ်မှုမျိုးတွေနဲ့ မပတ်သက်ဘူးဆိုရင်တောင် ပို့လိုက်သမျှသော စာတွေ၊သတင်းတွေဟာ တနေရာမှာ သိမ်းထားနိုင်တယ်ဆိုတာ သိထားရပါမယ်။

ဥပဒေသ (၂ ) အတွင်း နဲ့ အပြင် တူပါစေ

တကယ့်ဘ၀ထဲမှာ လူများစုဟာ ဥပဒေကို လေးစားကြပါတယ်။ အဖမ်းခံရ၊ ဖယ်ကျဉ်ခံရမှာစိုးတာကြောင့် ထင်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ မဟုတ်တာလုပ်ပေမယ့် မိတဲ့အကြိမ်ကနည်းပါတယ်။ ဒါကြောင့်လည်း တခါတလေ ကွန်ပြူတာတဖက်မှာ လူရှိနေတာ သတိမထားမိပဲ ကျင့်ဝတ်မထိန်းတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေကို လုပ်လို့ရတယ်လို့ ထင်မိတတ်တယ်။

လက်တွေ့ဘ၀နဲ့ အွန်လိုင်းဘ၀ကြားထဲမှာ ဇဝေဇ၀ါဖြစ်တတ်တာကို နားလည်ပေးလို့ရပေမယ့် အမှားကတော့ အမှားပါပဲ။ အတွင်းနဲ့ အပြင် အတူတူပါပဲ။ ကျင့်ဝတ်ဆိုတာ စောင့်စည်းဖို့ပါ။ တစုံတယောက်ကများ ဘာမှစောင့်စည်းနေစရာ မလိုပါဘူးလို့ ဆိုလာခဲ့ရင် မယုံပါနဲ့။ အွန်လိုင်းပေါ်မှာ ဒွိဟဖြစ်စရာတွေပေါ်ခဲ့ရင် အပြင်လောကမှာ လိုက်နာနေကျအတိုင်းပဲ လိုက်နာရမှာပါပဲ။ အဖြေရှာရမှာပါပဲ။

တကယ်လို့ ပိုက်ဆံပေး ရှဲ လုပ်ရတာမျိုးဆိုရင် ပေးလိုက်ပါ။ ဒါမှလဲ စာရေးတဲ့လူ ပိုများလာမယ်။ မဖြစ်စလောက်ငွေလေးက နောင်အရှည်သဖြင့်မှာ အွန်လိုင်းတခုလုံးအတွက် အကျိုးရှိစေနိုင်ပါတယ်။

ဥပဒေချိုးဖောက်တယ်ဆိုတာ မကောင်းတဲ့အကျင့်ပါပဲ။ အွန်လိုင်းပေါ်မှာ ဥပဒေမဲ့ လုပ်တာဟာလည်း အတူတူပါပဲ။ တချို့ဥပဒေတွေကတော့ ရှူပ်ထွေးပြီး နားလည်ဖို့ခက်ပါတယ်။ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးလည်း ဥပဒေတွေထုတ်ထားပါတယ်။ ဒီဆောင်းပါးက ဥပဒေစာအုပ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အပြင်လောကမှာကော၊ အွန်လိုင်းမှာပါ ဥပဒေဘောင်ထဲမှာ သတိထားနေဖို့ တိုက်တွန်းပါရစေ။

ဥပဒေသ (၃) မိမိနေရာ မိမိသိပါစေ။

အွန်လိုင်းတနေရာမှာ လက်ခံနိုင်တာတခုက နောက်တနေရာမှာ ရိုင်းချင်ရိုင်းနေမှာပါ။ ဥပမာ - ရုပ်မြင်သံကြားက အိမ်ရှင်မများ သတင်းပလင်း အစီအစဉ်မှာ အတင်းအဖျင်းတွေ ပြောတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဂျာနယ်သမားတွေရဲ့ စာပုံးထဲကို ကောလဟာလမျိုးစုံ လျှောက်ထည့်ရင်တော့ ဘယ်သူမှ မကြိုက်ပါဘူး။ တနေရာနဲ့ တနေရာ မတူဘူးဆိုတာကို နားလည်ရပါမယ်။

ဒါကြောင့်မို့ နေရာအသစ်တခုကိုရောက်ရင် သူများတွေ ပြောနေ၊ ရေးနေတာတွေကို အရင်ကြည့်ပါဦး။ ဘယ်လိုလူမျိုးတွေလည်းလို့ လေ့လာပါဦး။ ပြီးမှသာ ၀င်ပြောသင့်ပါတယ်။

ဥပဒေသ (၄) သူတပါးအချိန်ကို မဖြုန်းပါနဲ့။

အခုခေတ်မှာ လူတိုင်းအချိန်ရှားပါတယ်။ အိပ်ချိန်နဲနဲ အလုပ်ချိန်များများဖြစ်နေကြတယ်။ ဆွေးနွေးဖို့ အကြောင်းအရာတခု တင်ပြထားရင် ဒါကိုဖတ်ဖို့ အချိန်ပေးရပါတယ်။ ဒါကြောင့် သူများအချိန်ကို ဖြုန်းသလိုဖြစ်စေနိုင်တဲ့ ပို့စ်တွေ မတင်တာကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ သတင်းစီးဆင်းနှုန်းနဲ့ သိမ်းဆည်းထားဖို့ နေရာကလည်း အကန့်အသတ်ရှိပါတယ်။ ကိုယ်တယောက်တည်း သုံးနေတာမှ မဟုတ်တာ။ ဒါကြောင့် သတင်းတခုထဲကို မတော်တဆ ၅ ကြိမ်ပို့မိတယ်ဆိုရင် အချိန်ကိုကော နေရာကိုပါဖြုန်းတာပါပဲ။

နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်တိုင်လည်းအလုပ်တွေထဲ ခေါင်းနှစ်နေရရင် ကျန်တာတွေ မေ့တတ်တာပါပဲ။ ဒါကြောင့် ကိုယ့်မေးခွန်းတွေကို တဖက်က ချက်ချင်းပြန်ဖြေဖို့ မမျှော်လင့်ပါနဲ့။ ကိုယ်က အားတက်သရောပြောနေပေမယ့် အားလုံးက သဘောတူခေါင်းငြိမ့်လိမ့်မယ်၊ အရေးလုပ်လိမ့်မယ်လို့လည်း မထင်ပါနဲ့။

ဥပဒေသ (၄) အုပ်စုဖွဲ့ ဆွေးနွေးခန်းမှာ ဂရုပြုစရာ

အများအားဖြင့် အုပ်စုအဖွဲ့ဝင်တွေဟာ ကွန်ပြူတာသုံးချိန်၊ မိသားစုနဲ့ နေချိန်၊ ကိုယ်ပိုင်အိပ်ချိန်စားချိန် စသဖြင့် အားချိန်နည်းပါတယ်။ ပြီးတော့ စာတပုဒ်ကို ဖတ်တော့မယ်ဆိုတာနဲ့ ဖွင့်ဖို့ကလည်း အချိန်ယူပါသေးတယ်။ နိဒါန်းပျိုးနေတာတွေကို ဖတ်ပြီးမှ သော့ချက်ကိုရောက်ရတာပါ။ တကယ်လို့များ ကြိုးစားပမ်းစားဖတ်ပြီး ဘာမှလည်းမဟုတ်ဘူးဆိုရင် အစာမကျေဘူး ဖြစ်တတ်ပါတယ်။

အရင်ခေတ်ကတော့ ကာဘွန်စက္ကူတွေသုံးပြီး မိတ္တူပွားရတာပါ။ တခါပွားရင် ၅ စုံထက်မပိုပါဘူး။ ဒါကြောင့် ဒီစာကို ဘယ်သူ့ဆီအဓိကပို့မလဲဆိုတာ သေသေချာချာစဉ်းစားရပါတယ်။ အခုတော့ ဒါတွေမလိုတော့ပါဘူး။ ကူးချင်သလောက်ကူး၊ ပွားချင်သလောက်ပွားလို့ရပါပြီ။ ဒါကြောင့်လည်း အကျင့်ပါပြီး ပွားချင်တိုင်း ပွားနေမိတတ်ပါတယ်။ လူတွေမှာ အချိန်ရှားပါတယ်။ သတင်းကလည်း စုံလွန်း များလွန်းပါတယ်။ ဒါကြောင့် အုပ်စုဝင်တွေ ဘာကြောင့်သိသင့်တာလဲလို့ ကိုယ့်ဘာသာ အရင်မေးကြည့်တာ ကောင်းပါတယ်။ မလိုအပ်ဘူးထင်ရင် မပို့ပါနဲ့။ လိုချင်လည်း လိုနိုင်တယ် ဆိုရင်တောင်မှ မပို့ခင် ၂ ခါပြန်စဉ်းစားပါဦးလေ။

ဥပဒေသ (၅) ကြည့်ပျော်ရှူပျော်ဖြစ်ပါစေ။

အွန်လိုင်းပေါ်မှာ အေးတိအေးစက်၊ စော်ကားမော်ကားလုပ်တတ်သူတွေနဲ့ ပြည့်နေတာပဲလို့ ထင်ကုန်ကြရင် မကောင်းပါဘူး။ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးမှာ အွန်လိုင်းသုံးသူအများစုဟာ တခြားသူတွေက like လုပ်သွားတာ လိုချင်တတ်ကြပါတယ်။ တခါမှ မသိဖူးသူတွေနဲ့ ဆုံခွင့်ရတယ်။ သူတို့ကလည်း ကိုယ့်ကိုမမြင်နိုင်။ ကိုယ့်အပေါ်မှာ ဆံပင်အရောင်၊မျက်လုံးအရောင်၊ ကိုယ်ခန္ဓာအချိုးအဆက်၊ အသက်အရွယ်၊ အ၀တ်အစား စတာတွေနဲ့ မဆုံးဖြတ်ပဲ စာအရေးအသားနဲ့သာ ဆုံးဖြတ်မှာပါ။ စာလုံးတွေကို မသုံးချင်ရင် ဘယ်သူမှ အွန်လိုင်းမလာပါဘူး။ ဒါကြောင့် စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း အရေးပါ ပါတယ်။

အွန်လိုင်းလည်း အသုံးများတယ်၊ ဒီဟာတွေကိုလည်း စိုးရွံ့တယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာပဲ လမ်းညွှန်စာအုပ်တွေ ဖတ်ရင်း၊ လေ့လာသင်ယူရင်း ပျော်စရာကောင်းလာမှာပါ။ အွန်လိုင်းသင်တန်းတွေ၊ ပြင်ပသင်တန်းတွေရှိရင်လဲ တက်လို့ရပါတယ်။ အသက်အရွယ်ကြီးရင့်သူများဆိုရင်တော့ အသိအကျွမ်းတွေပိုရလာပြီး ပိုပျော်စရာကောင်းပါလိမ့်မယ်။

ကိုယ်ရေးချင်တဲ့အကြောင်းအရာကို အဓိပ္ပါယ်ပေါက်အောင် ရေးပါ။ ကိုယ်တကယ်သိတဲ့ ကိစ္စဖြစ်ပါစေ။ ကိုယ်ကိုယ်တိုင် သဘောပေါက် နားလည်ထားတာလား၊ သူများပြောလို့ ယုံထားတာလားဆိုတာ အရင်မေးကြည့်ပါဦး။ ပို့စ်မတင်ခင်၊ အချက်အလက်တွေကို ပြန်မစစ်ခင် တကယ်တင်ချင်ရဲ့လားလို့ ထပ်မေးပါဦး။ သတင်းဆိုးတွေဟာ တောမီးလိုပျံ့လွယ်ပါတယ်။ တဆင့်စကား တဆင့်နားဖြစ်သွားရင် မူလဆိုလိုရင်း ပျောက်သွားတတ်ပါတယ်။ အွန်လိုင်းပဲဟာ၊ မှန်ကန်တိကျစရာမလိုဘူးလို့ ပြန်ငြင်းချင်လည်းငြင်းပါ။ ဒါပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူတတ်ရမှာပေါ့လေ။

နောက်တချက်ကလည်း မှတ်စုတွေရေးတဲ့အခါ ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆက်စပ်တာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ စာတပိုဒ်လုံးမှာ သတ်ပုံ၊ သဒ္ဒါတလုံးမှ မမှားပေမယ့်လည်း ဘာပြောမှန်းမသိတာတွေ ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးစေချင်တာနဲ့ စကားလုံးအကြီးကြီးတွေ သုံးမိတဲ့အခါမျိုးတွေမှာပေါ့။ ရိုးရိုးပဲရေးတာကောင်းပါတယ်။

တို့မီး၊ ရှို့မီးတွေ မရေးပါနဲ့။ ယဉ်ယဉ်ကျေးကျေး၊ လှလှပပလေးတွေရေးပါ။ ညစ်ညမ်းတဲ့စကားတွေ မသုံးပါနဲ့။ ဆန့်ကျင်လိုတာသက်သက်နဲ့ ဆန့်ကျင်ဘက်တွေမရေးပါနဲ့။

အွန်လိုင်းပေါ်မှာ ဆဲလို့ရသလား လို့ မေးကြပါတယ်။ အမှိုက်ကို ရွှေထင်တဲ့ နေရာတွေမှာတော့ လက်ခံမှာပါ။ ဆဲဆိုလိုက်ဖို့ လိုတယ်ထင်ရင်လည်း စာလုံးဖျောက်ပြီးသုံးနိုင်ပါတယ်။ ---င်၊ ----ာ စသည်ဖြင့်။ လူတိုင်းက ကိုယ်ဘာဆိုလိုတယ်လို့ သိမှာပါပဲ။ မလိုအပ်ပဲ သူများစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တာကောင်းပါတယ်။

ဥပဒေသ (၆) အဖိုးတန် ဗဟုသုတတွေကို ဝေမျှပါ။

ဆိုးတာတွေပြောပြီးသွားတော့ ကောင်းတာလေးတွေပြောပါရစေ။ အွန်လိုင်းရဲ့ မူလဘူတအစွမ်းက လူမျိုးစုံ အသုံးများတာပါ။ မေးခွန်းတွေကို အွန်လိုင်းပေါ်မှာ မေးလိုက်ရင် ဗဟုသုတကြွယ်ဝသူတွေ အများကြီးရှိနေတာမို့ အဖြေရနိုင်ပါတယ်။ တယောက် နှစ်ယောက်လောက်က ၀င်ပြောပေးလိုက်တာနဲ့ အကြံကောင်း ဥာဏ်ကောင်းတွေ တိုးလာပါတယ်။ အင်တာနက်ဆိုတာကို ရှာဖွေတွေ့ရှိပြီး ဖန်တီးတည်ဆောက်ခဲ့တဲ့ မူလရည်ရွယ်ချက်ကိုက သိပ္ပံပညာရှင်တွေဟာ သူတို့အချင်းချင်း ပညာဖလှယ်ချင်လို့ပါ။ တဖြည်းဖြည်းနဲ့မှ လူတွေအားလုံးပါလာကြတာပါ။

ဒါကြောင့်မို့ ကိုယ်သိတာလေး ကိုယ်ဝင်ပြောဖို့ မတွန့်ပါနဲ့။ မေးခွန်းတခုမေးလိုက်လို့ အဖြေတွေရလာတယ်ဆိုရင် အကျဉ်းချုပ်ကလေး ပြန်ရေးပြီး ဆွေးနွေးခန်းမှာ ပြန်တင်ပေးပါ။ ဒါမှလည်း တတ်သိသူတွေက အချိန်ကုန်ခံရေးပေးထားတဲ့ ဗဟုသုတတွေကို အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးနိုင်မှာပါ။

ကိုယ်တိုင်က တတ်သိပညာရှင်ဆိုရင်တော့ ပိုတောင်မှလုပ်ပေးနိုင်ပါဦးမယ်။ ကိုယ်တိုင်ဦးဆောင်ဆွေးနွေးတာတွေ၊ အများစိတ်ဝင်စားမယ့် အကြောင်းအရာကို ရေးတင်တာမျိုးတွေ၊ မေးခွန်းထုတ်တာတွေ လုပ်နိုင်ပါတယ်။ ဗဟုသုတဝေမျှတယ်ဆိုတာ ပျော်စရာကြီးပါ။ ဒါဟာအွန်လိုင်းရဲ့ ရိုးရာဓလေ့ထုံးစံပါ။ ကမ္ဘာကြီးကိုလည်း ပိုကောင်းစေတယ်လေ။

ဥပဒေသ (၇) ၀င်ရောက်ဖြန်ဖြေပါ။

တခြားသူတွေက ပြင်းပြင်းထန်ထန်ရေးနေကြပြီ၊ အခိုင်အမာတွေ ဆုပ်ကိုင်ငြင်းနေပြီဆိုရင် သွေးဆူလာတတ်ကြပါတယ်။ ဒီအချိန်မှာ နဲနဲအရှိန်ဝင်လျှော့ပေးဖို့ လိုပါတယ်။ အွန်လိုင်းမှာ သွေးဆူ၊ သွေးပူခွင့်မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သွေးဆူတယ်ဆိုတာ အွန်လိုင်းရဲ့ ရိုးရာပါပဲ။ ဒါကို အပြောင်အပျက် ရယ်စရာ မောစရာလုပ်ပေးလိုက်ရင် ပျော်စရာဖြစ်သွားပါရော။ တခါတလေတော့လည်း အရှိန်မသေသေးရင် ဆက်ဖြစ်ပေါ့လေ။

ဒါပေမယ့်လည်း အွန်လိုင်းကျင့်ဝတ်မှာ တဖက်နဲ့တဖက် မပြီးနိုင် မစီးနိုင် တိုက်ခိုက်နေတာတွေ၊ ရန်စနေတာတွေ၊ စော်ကားနေတာတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဒါက အဖွဲ့တခုလုံးကို စိတ်ပျက်စေပါတယ်။ တခြားမဆိုင်သူတွေအပေါ်မှာလည်း မတရားရာရောက်ပါတယ်။ အစပိုင်းမှာတော့ စကားနိုင်လုနေတာကို ၀ိုင်းကြည့်ရတာ ပျော်စရာကောင်းသလိုလိုပေါ့။ နောက်ပိုင်းမှာတော့ ၀င်မပါတဲ့သူတွေက ပျင်းသွားတာပါပဲ။ ကိုယ်တွေချည်းပဲ လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတာ မသင့်တော်ပါဘူး။

ဥပဒေသ (၈) တခြားသူများရဲ့ အတွင်းရေးကို မစပ်စုပါနဲ့၊

လုပ်ဖော်ကိုင်ဖက်ရဲ့ အံဆွဲကို ခွင့်မတောင်းပဲ ဖွင့်ကြည့်ဖို့ မသင့်တော်သလိုပဲ သူများစာတွေကို ဖွင့်မဖတ်ပါနဲ့။ နမူနာတခုကတော့ ဂျာနယ်တိုက်တခုမှာ စာတွေဖွင့်ဖတ်ခံရတယ်လို့ သံသယရှိတဲ့အခါ သတင်းအတုတခုကို ထည့်ထားလိုက်ပါတယ်။ ဖတ်တဲ့လူက အဲဒီသတင်းအတုအကြောင်း မေးလာတဲ့အခါ မိသွားတာပေါ့။ ဒါနဲ့ သူ့ကို တခြားနေရာပို့ပစ်လိုက်ပါတယ်။ သူများအတွင်းရေးစပ်စုတာ အလုပ်ပြုတ်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။

ဥပဒေသ (၉) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ပါနဲ့။

တချို့လူတွေဟာ အင်တာနက်မှာ ဆရာကြီးတွေပါ။ ကွန်ပြူတာစနစ်နဲ့ အင်တာနက်ကို သူများတွေထက် ပိုကျွမ်းကျင်ရုံနဲ့ သူများဆီက အခွင့်အရေးပိုယူဖို့ မသင့်ပါဘူး။ ဥပမာ -- ဌာနမှုးက လက်အောက်ငယ်သားတွေရဲ့ ကိုယ်ပိုင်စာတွေကို မဖတ်ရပါဘူး။

ဥပဒေသ (၁၀) သူများအမှားတွေကို ခွင့်လွှတ်လိုက်ပါ။

လူတိုင်းက အွန်လိုင်းမှာ လူသစ်ဖြစ်ဖူးကြတာပါပဲ။ ဒီဆောင်းပါးကိုလည်း လူတိုင်းဖတ်ဖူးတာမှ မဟုတ်တာ။ ဒါကြောင့် သတ်ပုံမှားတာ၊ အူကြောင်ကြောင်မေးတာ၊ မလိုအပ်ပဲ စကားကြောရှည်တာတွေကို သည်းခံလိုက်ပါ။ အသေးအဖွဲဆိုရင် ပြောနေဖို့တောင် မလိုပါဘူး။ ပြောဖို့လိုတယ် ထင်ရင်တောင် ၂ ခါပြန်စဉ်းစားပါ။ ကိုယ်တော်တာနဲ့ပဲ သူများကိုဆရာလုပ်တာ ဘယ်ကောင်းပါ့မလဲ။ မှားနေတယ်လို့ ပြောတော့မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြောပါ။ အများရှေ့မှာမပြောပဲ တဦးထဲကို စာပို့ပြောပါ။ ဘယ်လိုပြောပြော သူ့ဘက်က ဒီထက်ကို ပိုမသိတော့တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆရာကြီးလေသံ မဖမ်းပါနဲ့။ သူ့အမှားကို ကိုယ့်အမှားမဖြစ်ပါစေနဲ့။ ကျင့်ဝတ်နဲ့ ညီ မညီငြင်းကြရင်းနဲ့ ကျင့်ဝတ်နဲ့မညီပဲကို ရန်ဖြစ်တတ်ကြောင်း သတြိပုတော်မူကြပါကုန်။

(လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လိုက်နာစောင့်စည်းအပ်တဲ့ လောကနီတိ ရှိသလိုပဲ လူ လူချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံတာမဟုတ်တဲ့ အွန်လိုင်းပေါ်မှာလည်း အလေးထား လိုက်နာသင့်တဲ့ စည်းမျဉ်းကလေးတွေ ရှိတဲ့အကြောင်း ဗာဂျီးနီးယားရှား ကတင်ပြထားတာဖြစ်ပါတယ်။ ဘာသာပြန်မျှဝေဖို့ တိုက်တွန်းတဲ့ ဆရာမောင်မောင်မြင့်ကို ကျေးဇူးတင်ပါတယ်။)

အွန်လိုင်းယဉ်ကျေးမှုနယ်ပယ်ထဲမှာ ကိုယ်ပိုင်သင်္ကေတတွေရှိနေပါတယ်။ ဒါကို သတိမပြုမိတဲ့အခါ အဆင်မပြေတာလေးတွေ ဖြစ်တတ်တာပေါ့။ တဖက်ကပြောချင်တဲ့ ဆိုလိုရင်းကို မသိပဲ ရန်တွေ့မိတာလည်း ဖြစ်နိုင်တယ်။ စာသားတွေချည်း မြင်နေရတော့ တဖက်က လူသားစစ်စစ်ဆိုတာ မေ့သွားရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လူလူချင်းဆက်ဆံပုံနဲ့ကွဲပြားတဲ့ အွန်လိုင်းဆက်သွယ်ရေးဟာ လူသစ်တွေအတွက်တော့ အမှားတွေအများကြီး ဖြစ်နိုင်ပါတယ်။

ဒီဆောင်းပါးက လူသစ်တွေကို အမှားနည်းစေဖို့နဲ့ လူဟောင်းတွေက လူသစ်တွေကို လမ်းပြဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေတိုးပွားပြီး ရန်သူနည်းစေဖို့ပါ။ နည်းလမ်းလေး နည်းနည်းသိသွားတာနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ရှောင်ရှားနိုင်မှာပါ။ ပြသနာအကုန်လုံးကို ရှင်းမပေးနိုင်ပေမယ့် ပြသနာရှင်းနည်းလေးတွေကိုတော့ ဝေမျှထားပါတယ်။

အနာဂတ်ကောင်းကင်ဘလော့ပို့စ် မှကူးယူတင်ပြသည်။
http://www.futuresky-peace.com
--
From: ♫ဆုန်ရေသွန်း♪ ♪
Date: 2012/12/20
Subject: [Real Family: 24864] အွန်လိုင်းပေါ်မှ ကျင့်ဝတ်များ

To: real-family-mm@googlegroups.com ♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

Thursday, November 1, 2012

ပလ္လင်အကြောင်းသိကောင်းစရာ


 Outline of a Burmese throne c. Konbaung
  • (၁) သီဟာသန ပလ္လင်-ခြင်္သေ့ရုပ်ခံ၍ ယမနေသားဖြင့် ထုလုပ်ပြီးနန်းဦးပြဿဒ်ဆောင်နှင့် လွှတ်တော်၌ ထားရှိ 
  • (၂) ဘမယာသန ပလ္လင်-ပိတုန်းရုပ်ခံ၍ ကရဝေးသားဖြင့် ထုလုပ်ပြီးမှန်နန်းဆောင် (စက်တော်ခေါ်သည့်နေရာ) ၌ ထားရှိ 
  • (၃) ပဒုမာသန ပလ္လင်-ပဒုမ္မာကြာပွင့်ခံ၍ သရက်သားဖြင့် ထုလုပ်ပြီး အနောက်ဇေတ၀န်ဆောင် (မင်းတို့ကန်တော့ခံရန် နေရာ)၌ ထားရှိ 
  • (၄) ဟံသာသန ပလ္လင်-ဟသာင်္ရုပ်ခံ၍ သင်္ကန်းသားဖြင့် ထုလုပ်ပြီး အရှေ့ဇေတ၀န်ဆောင် (မင်းတို့ဝတ်ပြုရန်နေရာ)၌ ထားရှိ 
  • (၅) ဂဇာသန ပလ္လင်-ဆင်ရုပ်ခံ၍ စကားသားဖြင့် ထုလုပ်ပြီး ဗြဲတိုက်ဆောင် (မင်းတို့လက်ဆောင်ခံယူရာနေရာ)၌ ထားရှိ 
  • (၆) သခါင်္သန ပလ္လင်-ခရုသင်းရုပ်ခံ၍ တောင်ပိန္နဲသားဖြင့် ထုလုပ်ပြီး လေသာဆောင် (တရားစီရင်ရာနေရာ)၌ ထားရှိ 
  • (၇) မိဂါသန ပလ္လင်-သမင်ရုပ်ခံ၍ ရေသဖန်းသားဖြင့် ထုလုပ်ပြီး တောင်စမုတ်ဆောင် (မင်းတို့အလှူတော်ရေစက်ချရာ
  • နေရာ)၌ ထားရှိ 
  • (၈) မယုရာသန ပလ္လင်-ဥဒေါင်းရုပ်ခံ၍ ပေါက်သားဖြင့် ထုလုပ်ပြီး မြောက်စမုတ်ဆောင် (ကန်တော့ပန်းသိမ်းရာနေရာ)၌ ထားရှိ 

 The Royal Throne of Myanmar

ပလ္လင်တွင်ပါရှိသောအစိတ်အပိုင်းများမှာ-
  • (၁) ခြင်္သေ့
  • (၂) ဆင်ပျံ
  • (၃) လောကနတ်
  • (၄) ဒေါင်းမြီးယပ်
  • (၅) ဆင်နား
  • (၆) တံခါးတိုင်
  • (၇) သိကြား
  • (၈) ကိန္နရာ
  • (၉) သမ္မာဒေဝ
  • (၁၀) ခြူး
  • (၁၁) ကြာ
  • (၁၂) ဦးဆောက်ပန်း
ဟူ၍ (၁၂) နေရာပါရှိသည်။

A Close Look at Thihayana Throne, Myanmar Photo by Myanmar Tourex Travels


Old Painting by Royal artist Saya Chone showing the Royal Audience Scence

Text - Credit: မြန်မာနိုင်ငံဧည့်လမ်းညွန်များအသင်း MTGA's Knowledge pdf
Image - Credit: www.google.com

Tuesday, October 30, 2012

ယပ်တောင်ပေါ်ကတရား ဘယ်လိုစီရင်မလဲ


 

ထိုပဌါန်းတရားတော်ကြီးကို သုံးသပ်ဆင်ခြင်တော်မူသော ထိုမြတ်စွာဘုရား၏ နဂိုက ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော ခန္ဓာကိုယ်ပေါ်မှ အလုံးစုံသော အရပ်မျက်နှာတို့သို့ ခြောက်သွယ်သော ရောင်ခြည်တော်တို့သည် စိတ်တော် ကြည်လင်သည့်အတွက် သွေးတော်အစရှိသည်တို့က သန့်ရှင်းကြည်လင်ခြင်းကြောင့် ထိုထိုဤဤ လှည့်လည်ပြေးလွှားကြလေကုန်သတည်း။

( အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အခြေပြု ပဌါန်းတရားတော်။ )

 

 

ကျနော် လက်ဘက်ရည်ဆိုင်ထိုင်၍ သူငယ်ချင်းများနှင့် စကားစမြည်ပြောဆိုရခြင်းကို အင်မတန်နှစ်သက်ခုံမင်လှပါသည်။ ထို့ကြောင့် ညနေခင်းများစွာကို သူငယ်ချင်းများနှင့် လက်ဘက်ရည်ဆိုင်ထိုင်ရင်း ကျော်လွန်ဖြတ်သန်းရန် အိမ်နှင့် အတန်ငယ် ဝေးကွာလှသော လက်ဘက်ရည်ဆိုင်သို့ ခြေလျင်လျှောက်သွားလေ့ရှိသည်။ နွေမိုးဆောင်း ထိုအကျင့်က မပြောင်းခဲ့ပါ။

 

မိုးတွင်းတစ်ရက်တွင် အညိုးတစ်ကြီးနဲ့ ရွာချလိုက်သောမိုးသည် အရင်ရက်များထက် ပို၍သည်းထန်ပြီး မစဲတော့။ ထို့ကြောင့် လမ်းများအားလုံး ရေလွှမ်းသွားတော့သည်။ ကျနော်ကတော့ လဘက်ရည်ဆိုင်သို့ သွားမြဲသာ။ ဤသို့ဖြင့် ကျနော်နှင့် မျက်နှာချင်းဆိုင်တွင်နေထိုင်သော ကျနော်၏အဘိုးသည် တစ်မနက်တွင် ကျနော့်ကိုမေးမြန်းခဲ့၏။ "ငါ့သား မိုးတွေဒီလောက်ရွာနေတာ မင်း လက်ဘက်ရည်ဆိုင်ကို ဘယ်လိုများသွားတုန်း။ လမ်းတွေလည်း ရေတွေနဲ့ဆို။" "ဟုတ်တယ် ဘ၊ လမ်းတွေက ရေတွေနဲ့မို့ သား ဘုရားဝင်းထဲကနေ ဖြတ်သွားရတာ။" "အလို ငါ့သားရယ် ရေတွေထဲကနေ ဖြတ်သွားရင် ဖြတ်သွားပါ။ ဘုရားရှင်ကို ကန်တော့ဘို့မဟုတ်ဘဲ ဘုရားဝင်းကိုတော့ ဖြတ်လမ်းအနေနဲ့ မသုံးပါနဲ့။ တို့များ သဗ္ဗညုတရှင်တော်ကြီးကို အားနားစရာကွယ်။ နော်။"

 

ကျနော် တကယ့်ကို ကြက်သီးမွေးညင်းထသွားခဲ့တာပါ။

ဘာရယ်မဟုတ် တဒင်္ဂအသွားအလာအဆင်ပြေစေဖို့ ဘုရားဝင်းထဲကနေ ကျနော် ဖြတ်သွားခဲ့မိသည်။ သို့သော် ကျနော်၏ အပြုအမူသည် မရည်ရွယ်ခဲ့သော်လည်း ဘုရားရှင်တော်အား မရိုမသေ မလေးမြတ်ရာရောက်သွားခဲ့၏။ ကျနော့်အဖိုးကတော့ သူ့နှလုံးသားထဲမှာ ဘုရားရှိသည်။ ထို့ကြောင့် သတိမလွတ်။ ဘုရားရှင်နှင့် ဆက်စပ်သမျှကို အမြဲ အလေးအမြတ်ထားခဲ့သည်။

 

ဆိုရသော် အဖိုးသည် လမ်းသွားရင်း ကိုရင်လေးများ ကြွသွားသည်ကို မြင်လျှင်ပင် လက်အုပ်ချီ၍ စောင့်ဆိုင်းနေတတ်သည်။ လမ်းကို ဆက်မသွားပါ။ အိမ်ကဘုရားခန်းထဲတွင် ၀တ်ပြုပြီးလျှင်လည်း လက်အုပ်ချီရိုကျိုး၍ နောက်ပြန်လျှောက်ကာ အသာအယာထွက်ခွာတတ်သည်။

 

တကယ်တော့ ဤသည်မှာ ကျနော့်အဖိုးတစ်ယောက်တည်း၏ အမူအကျင့်မဟုတ်ပါ။ အဖိုးတို့ခေတ်က သက်ကြီးရွယ်အိုများ၏ သာသာရေး ဓလေ့စရိုက်တစ်ခုပင်ဖြစ်သည်။ ကျနော်သည် ဤသို့သော အဖိုး၏မြေးတစ်ယောက် ဖြစ်ပါလျှက်ကယ်နှင့် ဘာသာ သာသနာပေါ်တွင် အလေးအနက်မထားဘဲ နမော်နမဲ့ နိုင်လွန်းလှသည်။ ဤသို့ဖြင့် ထိုနေ့မှအစပြုကာ ကျနော်သည် ဘာသာ သာသနာနှင့် ဆက်စပ်သမျှသော အကြောင်းအချင်းအရာများကို ပေါ့ပေါ့တန်တန် သဘောမထားတော့ဘဲ အလေးအနက် ဆင်ခြင်ဆောင်ရွက်ခဲ့ပါ၏။ ထို့အတူ ကျနော်၏ပတ်ဝန်းကျင်ရှိ တစ်ပါးသောသူများ၏ ဘာသာ သာသနာနှင့် ဆက်စပ်သော အမှုကိစ္စများပေါ်တွင် ထားရှိသည့်သဘောထားနှင့် ဆောင်ရွက်ချက်များကိုလည်း သတိထားပြီး စောင့်ကြည့်နေခဲ့မိသည်။

 

နာရေးတစ်ခုမှပြန်လာသော အိမ်ရှင်မတစ်ယောက်သည် ကုသိုလ်ပြု၍ ကမ်းလိုက်သော ဆပ်ပြာမှုန့်ထုပ်ကို ကြောင်အိမ်ပေါ်တင်လိုက်သည်။ ထို့နောက် နာရေးယပ်တောင်ပေါ်မှ ကွယ်လွန်သူ၏ အမည်ပါသော စာရွက်ကို စုပ်ဖြဲလုံးချေပစ်လိုက်ပြီး ယပ်တောင်ကို မီးဖိုဘေးရှိ ကပ်ထရံကြားတွင် အသာထိုးထားလိုက်သည်။

 

မနက်ခင်းတစ်ခုတွင် ထိုအိမ်ရှင်မ ဗျာများနေသည်။ မနက်စာ အစာပြေစားရန်အတွက် ထမင်းကြမ်းကြော်နေရသလို ကျောင်းနောက်ကျမှာစိုး၍ ဆူဆူပူပူလုပ်နေသော သမီးငယ်အတွက် ထမင်းဘူးပြင်နေသည်။ ဒီကြားထဲ မီးဖိုက မီးအရှိန်မကောင်းသဖြင့် ကမန်းကတန်း နံရံတွင်ထိုးထားခဲ့သော ယပ်တောင်ကိုယူ၍ ယပ်ခတ်ရပြန်သည်။ ထို့နောက် ထိုယပ်တောင်ကို အမှုမဲ့အမှတ်မဲ့ မီးဖိုဘေးအသာချ၍ သမီးငယ်အတွက် ထမင်းဘူးပြင်ခြင်းကို လက်စသတ်လိုက်သည်။ ကျောင်းနောက်ကျမှာစိုး၍ လောဆော်နေသော သမီးငယ်လေး၏ ခြေထောက်အစုံသည် အမေလုပ်သူ ချထားလိုက်မိသော နာရေးတစ်ခုမှ ကမ်းလိုက်သည့် ယပ်တောင်ပေါ်သို့ တိတိကျကျကြီးကိုဘဲ နင်းဖြတ်သွားပါတော့သည်။ ထိုယပ်တောင်၏ မျက်နှာပြင်တစ်ဖက်တွင် ... ။ တကယ့်ကို ကြက်သီးမွေးညင်းထစရာပါ။

 

ရာသီအကူးအပြောင်းမို့ ပြီးခဲ့သည့်လက ကျနော်ဖျားသည်။ ခေတ်ပေါ်တုပ်ကွေးများသည် အရင်ကထက် ပို၍ပြင်းထန်လွန်းသဖြင့် ကွမ်းရွက်ပြုတ်ရည်၊ ဂျင်းပြုတ်ရည်လောက်နှင့် အိမ်မှာ ကွေးနေလို့ မရတော့ပါ။ ထို့ကြောင့် နီးရာဆေးခန်းသို့ သွားခဲ့ရသည်။ ကျနော့်အလှည့်ရောက်ရန် ဆေးခန်းတွင် စောင့်နေခိုက် လျှပ်စစ်မီး ပြတ်တောက်သွားသည်။ ပန်ကာများ ရပ်သွား၏။ မှောင်ရီပျိုးစမို့ အပြင်မှခြင်များလည်း ဆေးခန်းထဲသို့ အတင်းတိုးဝှေ့ ၀င်လာကြသည်။ ဆေးခန်းက ကျဉ်း၊ လူတွေက များ၊ နည်းနည်း အိုက်စပ်လာသည်။ သူနာပြုဆရာမလေးသည် အင်ဗာတာမီးချောင်းကို ထွန်းလိုက်ပြီး စောင့်ဆိုင်းနေရသူများအား ယပ်တောင်များကို လိုက်လံဝေငှပေးသည်။ ကျနော်သည် ယပ်တောင်တစ်ချောင်းကို လှမ်းယူမည်ပြုပြီးမှ လက်ကို အသာရုတ်၍ ခေါင်းယမ်းပြလိုက်သည်။

 

ကျနော်ဘေးမှ အသက်ငါးဆယ်ဝန်းကျင် ခပ်၀၀ အမျိုးသမီးတစ်ယောက်ကတော့ ယပ်တောင်ကိုလှမ်းယူပြီး ခြင်ယမ်းလိုက် လေယမ်းလိုက်ဖြင့် အတော်လေး သက်သာသွားပုံရသည်။ ထိုအမျိုးသမီးသည် ထမီအနက် ၀တ်ဆင်ထား၍လားမသိ သူမ၏ ခြေထောက်နားတွင် ခြင်များဝဲနေသည်။ ကျနော် အသာကြည့်နေမိသည်။ ထိုသို့ ကြည့်နေစဉ်မှာပင် ထိုအမျိုးသမီးသည် ယပ်တောင်ဖြင့် ထမီအနားစကို တဗြန်းဗြန်းရိုက်၍ ခြင်များကို မောင်းထုတ်နေသည်။ သူမထမီအနားစကို ရိုက်လိုက်သော ယပ်တောင်သည် အလှူတစ်ခုမှ ကမ်းလိုက်သော ရွှေဝါရောင်အကြီးစား ယပ်တောင်တစ်ချောင်းပင်ဖြစ်သည်။ ထိုယပ်တောင်၏ မျက်နှာပြင်တစ်ဖက်တွင် ... ။ ကျနော် တကယ့်ကို ကြက်သီးထသွားခဲ့တာပါ။

 

 

အိမ်ရှင်မ နမော်နမဲ့ ပစ်ချလိုက်မိသော၊ သမီးဖြစ်သူ မတော်တဆ တက်နင်းလိုက်မိသော နာရေးတစ်ခုမှ ကမ်းခဲ့သည့် ယပ်တောင်တစ်ချောင်းပေါ်တွင် မြတ်စွာဘုရား၏ ပဌါန်းဒေသနာ (၂၄) ပစ္စည်းကို ထင်းထင်းကြီး ရိုက်နှိပ်ထားသလို၊ ခြင်ကိုက်သောကြောင့် ထမီအနားစကို အမှုမဲ့အမှတ်မဲ့ ရိုက်လိုက်သော အလှူတစ်ခုမှ လမ်းလိုက်သည့် ယပ်တောင်တစ်ချောင်းပေါ်တွင်လည်း မြတ်စွာဘုရားရှင်၏ ပဌါန်းဒေသနာ (၂၄) ပစ္စည်းကို ရွှေစာလုံးများဖြင့် ၀င်းဝင်းထိန်ထိန် ရိုက်နှိပ်ထားပါသည်။

 

ဆိုခဲ့ပါ အပြုအမူများသည် ယပ်တော်ပေါ်မှ မြတ်စွာဘုရားရှင်၏ ဒေသနာတော် သို့တည်းမဟုတ် တရားတည်းဟူသော အမြတ်ဆုံးသော ရတနာကို စော်ကားလိုသောစိတ်နှင့် ပြုမှားခဲ့ကြသည် မဟုတ်ပါ။ သို့သော် ... ။ ထို သို့သော်နောက်မှ အကြောင်းအခြင်းအရာတို့ကိုတော့ ခင်ဗျားတို့ ကျနော်တို့ စဉ်းစားသုံးသပ်ကြရပါလိမ့်မည်။

 

ဘာသာ သာသနာကို ကြည်ညိုလေးမြတ်ကြသည်ဆိုရာတွင် အသေးအဖွဲ့ အမှုကိစ္စလေးများကအစ အလေးဂရုထား၍ ပြုမူ ဆောင်ရွက်ကြရမည်သာ။ သာသာ သာသနာနှင့်ဆက်စပ်၍ မိမိ၏ ဘာရယ်မဟုတ်သော အဂါရဝေါ အကုသိုလ်တရားများပင် ဖြစ်သွားတတ်ပါသည်။

 

သေးငယ်လွန်း၍ မမြင်မိသောကြောင့် ခင်ဗျားတို့ ကျနော်တို့ ခလုတ်တိုက်လဲပြီး အသားနာကြရသည်။ ထို့အတူ သာသာ သာသနာနှင့် ဆက်စပ်သော သေးငယ်လွန်းသည့် အမှုကိစ္စလေးများကို သတိမမူမိဘဲ လွန်ကျူးမိကြလျှင်ဖြင့် ခင်ဗျားတို့ ကျနော်တို့ သ၀နာကြရပါလိမ့်မည်။ ဤသို့သောအကြောင်းကြောင့် ထိုယပ်တောင်ပေါ်မှ တရားကို မည်သို့ စီရင်ကြပါမည်နည်း။

 

နေယု

(အဘိုးသို့ အမှတ်တရ)

by နေယု on Wednesday, 24 October 2012 at 14:21 ·

  • မျိုး သွင် ကို သေးငယ်လွန်း၍ မမြင်မိသောကြောင့် ခင်ဗျားတို့ ကျနော်တို့ ခလုတ်တိုက်လဲပြီး အသားနာကြရသည်။ ထို့အတူ သာသာ သာသနာနှင့် ဆက်စပ်သော သေးငယ်လွန်းသည့် အမှုကိစ္စလေးများကို သတိမမူမိဘဲ လွန်ကျူးမိကြလျှင်ဖြင့် ခင်ဗျားတို့ ကျနော်တို့ သ၀နာကြရပါလိမ့်မည်။ ဤသို့သောအကြောင်းကြောင့် ထိုယပ်တောင်ပေါ်မှ တရားကို မည်သို့ စီရင်ကြပါမည်နည်း။

    Tint Lwin နယု ရဲ့ အတွေ့အကြုံနဲ့ သတိထားမိပုံလေးကို သဘောကျနှစ်ခြိုက်မိပါတယ်။ ကျနော်တို့မြန်မာတွေ ဗုဒ္ဓဘာသာပေါ်သဘောထားပုံ ပိုလေးနက်စေပါတယ်
Credit: https://www.facebook.com/notes/%E1%80%B1%E1%80%94%E1%80%9A%E1%80%AF/%E1%80%9A%E1%80%95%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%95%E1%81%9A%E1%80%80%E1%80%90%E1%80%9B%E1%80%AC%E1%80%B8-%E1%80%98%E1%80%9A%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%80%85%E1%80%AE%E1%80%9B%E1%80%84%E1%80%B9%E1%80%99%E1%80%9C%E1%80%B2/422344724495730

Monday, October 29, 2012

ဗုဒ္ဓဝင်အကျဉ်း


29 October 22:30
(က) ရသေ့ဖြစ်ခြင်း

သုမေဓါရသေ့ဘ၀ မရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၎င်းမိဘနှစ်ပါး သေဆုံးသည့်အခါ ပစ္စည်းဥစ္စာများ ဘာမျှယူမသွားနိုင်သောကြောင့် လူတွေမှာသေဆုံးလို့  ဘာမျှပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင် ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာ အားလုံး စွန့် လွှတ် လှူဒါန်းပြီး ရသေ့ဘ၀ပြောင်း တရားကျင့်ခဲ့သည်။

(ခ) ဆန္ဒာဓိပတိ

ဘုရားအလောင်းတော်သုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ ပြီး နိဗ္ဗာန်သို့  မျက်မှောက်ပြုနိုင်ပေမဲ့  ဒီပင်္ကရာဘုရားရှင် ကဲ့သို့ သတ္တ၀ါများအား လမ်းညွှန်(ကယ်တင်) လိုသော ဆန္ဒာဓိပတိကြောင့်သာလျှင် ဘုရားဆုပန်လေသည်။

(ဂ) ဗျာဒိတ်ယူခြင်း

ယခုမျက်မှောက်နေဆဲ ကမ္ဘာမတိုင်မီ အရှေ့ လေးသင်္ချေ ကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘ၀မှစပြီး ဘုရားဆုပန် ဗျာဒိတ် ယူခဲ့သည်။
(တစ်ကမ္ဘာသည် မရေတွက်နိုင်အောင်ကြာလှပြီး သင်္ချေတစ်ခုသည် တစ်၏နောက်မှ သုညပေါင်း တစ်ရာ့လေးဆယ်ရှိသည်။)

(ဃ) ပါရမီ (ဆယ်ပါး - ပြားသုံးဆယ်)

၁။ ဒါန = ပေးလှူခြင်း
၂။ သီလ = ကိုယ်နှုတ်စောင့်ထိန်းခြင်း
၃။ နေက္ခမ္မ = ကိလေသာတောမှ ထွက်ခြင်း
၎။ ပညာ = အကြောင်းအကျိုး ဆင်ခြင် ထိုးထွင်းသိခြင်း
၅။ ၀ီရိယ = အားစိုက်ကြိုးစား လုံ့ လရှိခြင်း
၆။ ခ န္တီ = သည်းခံခြင်း
၇။ သစ္စာ = ဖြောင့်မတ်/ မှန်ကန်ခြင်း
၈။ အဓိဌာန် = အဓိဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသော ဆန္ဒ
၉။ မေတ္တာ = စင်ကြယ်သောချစ်ခြင်း
၁၀။ ဥပေက္ခာ = လျစ်လျုရှုခြင်း/ အသင့်အားဖြင့်ရှုခြင်း
- မူလပါရမီ (၁၀) ပါး
(ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊ သားသမီးပါမကျန် ဖြည့်ခြင်း)
- ဥပပါရမီ (၁၀) ပါး
(စည်းစိမ် + ဇနီး၊ သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်း ပါဝင် ဖြည့်ခြင်း)
- ပရမတ္ထပါရမီ (၁၀) ပါး
(အသက်ကိုပါမကျန် ဖြည့်ခြင်း)

(င) ပါရမီဖြည့်ပုံ

(၁) ကြာမြင့်လှစွာသောအချိန်
(၂) မရပ်မနား
(၃) ချန်မထားဘဲ
(၄) ရိုရိုသေသေ
(၅) ပျော်ပျော်ကြီးဖြည့်

(စ) တိတိကျကျသေသေချာချာ ပွင့်တော်မူခြင်း

(၁) ပါရမီဖြည့်တာ တိကျသေချာ
(၂) မွေးဖွား နှစ်၊ လ၊ ရက် (မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့ )
(၃) မိဘနှစ်ပါး (သုဒ္ဓေါဒနမင်းကြီး နှင့် မယ်တော်မာယာဒေ၀ီ)
(၄) မွေးဖွားနေရာ (အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီ ဥယျာဉ်)
(၅) လူသားအစစ်ဖြစ်ခြင်း
(၆) မွေးမွေးခြင်း ဘုရားမဖြစ်၊ ကျင့်ပြီးမှဖြစ် (ကျင့်စဉ်အားလုံး တိကျသေချာပြထားသည်)
(၇)ဘုရားဖြစ်သောရက် တိကျသေချာ (မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ )

ဗုဒ္ဓနှင့်ဆိုင်သောနေ့ များ

ကဆုန်လပြည့် (၅) နေ့ 

(၁) ဗျာဒိတ်ယူသည့်နေ့  = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့ 
(၂) ဘုရားမွေးသည့်နေ့  = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့် (သောကြာနေ့ )
(၃) ဘုရားဖြစ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့ )
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့  = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့  = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့ )

( ကဆုန်လပြည့်၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပရခြင်း အထိမ်းအမှတ်သည် ဘုရား၏ ပရိဘောဂစေတီကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည် စိမ်းလမ်းစိုပြေ သကဲ့သို့  သာသနာတော်သန့် ရှင်း၊ တည်တံ့၊ ပွားများနိုင်ရန်။)

ဝါဆိုလပြည့် (၅) နေ့ 

(၁) ပဋိသန္ဓေတည်သည့်နေ့  = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့ )
(၂) တောထွက်သည့်နေ့  = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့ )
(၃) ဓမ္မစကြာတရားဦးဟောနေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
(၄) သောတာပန်လူသားစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
(၅) သံဃာရတနာစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )

( သာသနာဝင်များသည် ၀ါဆိုလပြည့်နေ့ ၏ အဓိပ္ပာယ်ကို လေးလေးနက်နက်နားလည် သင့်ပေသည်။)

သီတင်းကျွတ်လပြည့်နေ့ 

(၁) ဘုရားရှင်သည် မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလလုံး အဘိဓမ္မာတရား ဟောကြားခြင်း
(၂) မိဘအားကျေးဇူးဆပ်ပြီး လူ့ ပြည်ဆင်းစဉ် လူသားများ ဆီမီးဖြင့် ပူဇော်ကန်တော့ခြင်းကို အစွဲပြုပြီး မီးဖြင့်ကန်တော့ကြသည်။

မြတ်ဗုဒ္ဓ အလိုတော်ကျမှာ -

- အဘိဓမ္မာတရားတော် ပြန့် ပွားနားလည်အောင်လုပ်ရန်
- မိဘနှင့်ကျေးဇူးရှင်များကို ကျေးဇူးဆပ် ကန်တော့ရန်

(လွန်ကဲသော မီးထွန်းကြခြင်း၊ ဥပမာ - အိမ်သာမကျန် နှင့် ဗျောက်အိုး နှင့် မီးရှူးမီးပန်းများ ဖောက်ကြခြင်းသည် မိမိတို့ ၏ ထုံးတမ်းအစဉ်အလာအရ လုပ်ကြခြင်းဖြစ်သည်။ )

တပိုတွဲလပြည့်နေ့ 

ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်၌ ရဟန္တာပေါင်း ၁၂၅၀ တက်ရောက်သော 'ပထမသံဃသန္နိပါတ' ပထမဆုံးသံဃာ့ အစည်းအဝေးကျင်းပပြီး ဘုရားအဆူဆူ ဆုံးမစကား သြ၀ါဒပါတိမောက် ချီးမြှင့်သောနေ့ ဖြစ်ပြီး လက်ျာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ နှင့် လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့ အား ရာထူးအပ်နှင်းသော နေ့ ဖြစ်သည်။

သြ၀ါဒပါတိမောက်၏ အနှစ်ချုပ်မှာ -

(၁) လွန်စွာချုပ်တည်းခြင်းတည်းဟူသော သည်းခံခြင်းသည် အလွန်မြင့်မြတ်သော အကျင့်ပေတည်း။
(၂) မိမိစိတ်ကို သန့် ရှင်းဖြူစင်စေရာ၏။
(၃) ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရာ၏။

ဓမ္မာစကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ် အာရုံတို့ ဖြင့် ပျော်ပါးနေခဲ့သော "ကာမသုခလ္လိကာနုယောဂ" လက်ယာစွန်း ရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်ညှင်းဆဲပြီး ကျင့်သော ဒုက္ကရစရိယာအကျင့် "အတ္တကိလမထာနုယောဂ" လက်ဝဲစွန်း ရောက်နေစဉ် ဒေါသကိုသာ ဖြစ်စေသဖြင့် တရားမရ ဖြစ်နေသောကြောင့် ၎င်းအစွန်း နှစ်ပါးကို ရှောင်ရှားပြီး " မဇ္ဈိမပဋိပဒါ " (ခေါ်) မဂ္ဂင်ရှစ်ပါး အကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကိုသိမြင်နိုင်သော တရား ဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

သစ္စာတရား (Universal Truth)

အစဉ်ထာဝရ မှန်ကန်သော အမှန်တရား

(က) Person ပုဂ္ဂိုလ်မရွေး
(ခ) Place နေရာမရွေး
(ဂ) Time အချိန်မရွေး မှန်ကန်သော သစ္စာတရား ဖြစ်သည်။

ဗုဒ္ဓသာသနာအနှစ်ချုပ်

သစ္စာလေးပါးသည် အနှစ်ချုပ်ဖြစ်သည်။

(က) သိ = ဒုက္ခသစ္စာ
(ဖောက်ပြန်၊ နှိပ်စက်၊ လိုတာမရ၊ ရတာ မလိုလို့  ဆင်းရဲခြင်း)
(ခ) ပယ် = သမုဒယသစ္စာ
(ဒုက္ခဖြစ်ပေါ်စေသောအကြောင်းတရား - လောဘ)
(ဂ) ဆိုက် = နိရောဓသစ္စာ
(ဒုက္ခသမုဒယချုပ်ငြိမ်းခြင်း - နိဗ္ဗာန်)
(ဃ) ပွား = မဂ္ဂသစ္စာ
(နိရောဓသို့  ဆိုက်ရန်ပွားသော မဂ္ဂင်ရှစ်ပါးအကျင့်)

မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)

သီလ (၁) မှန်စွာပြော (ပြော)
(စည်းကမ်း) (၂) မှန်စွာပြုမူ ( ပြု )
(ကာယ + ဝစီ) ထိန်း (၃) မှန်စွာအသက်မွေး (မွေး)
သမာဓိ (၄) မှန်စွာဝီရိယ (ဝီ)
(နည်းလမ်း) (၅) မှန်စွာသတိ (တိ)
(မနော) ထိန်း (၆) မှန်စွာသမာဓိ (ဓိ)
ပညာ (၇) မှန်စွာသိမြင် (သိ)
(သဘောတရား) (ဂ) မှန်စွာတွေးခေါ် (တွေး)
(အရှိ / အမှန်)

မဂ္ဂင်ရှစ်ပါးကို ချုံ့ လျှင် သီလ - သမာဓိ - ပညာ သိက္ခာသုံးပါးရပြီး ၎င်းသိက္ခာသုံးပါးကို အနှစ်ချုပ်လျှင် သတိတစ်လုံးသည်သာ ကျန်တော့သည်။ ဗုဒ္ဓ၏ နိဗ္ဗာန်ရောက်ကြောင်းသည် တစ်ကြောင်းတည်းသောလမ်း မဟာသတိပဌာန်တရားဖြစ်သည်။ (သတိတစ်လုံးအရှိသုံး အဆုံးနိဗ္ဗာန်တိုင်)

ကုသိုလ်ကောင်းမှု (၄) မျိုး

၁။ ဒါန (စွန့် လွှတ် - လှူဒါန်း)
၂။ သီလ (ကာယ + ဝစီ ထိန်းသောစည်းကမ်း)
၃။ သမထဘာဝနာ (ကမ္မဌာန်းအာရုံ တစ်ခုတည်းကိုသာ ရှုခြင်း)
၎။ ဝိပဿနာ ဘာဝနာ (ရုပ်နာမ်တရားတို့ ၏ ဖြစ်ပျက်ကို ရှုခြင်း)


မှတ်ချက်

- ဒါန၊ သီလ၊ သမထဘာဝနာ စသည်သုံးမျိုးသည် ဘုရားမပွင့်မှီ ကာလများစွာကပင် ရှိခဲ့ပေသည်။
- လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများကို ရစေပြီး ကံအကျိုးပေး သာလျှင်ရရှိကာ သံသရာလည်ပြီး ဒုက္ခသစ္စာမှ မလွတ်မြောက်နိုင်ပေ။
- ဘုရားပွင့်လာရခြင်းသည် သတ္တဝါများအားလုံး ဒုက္ခဆင်းရဲ အပေါင်းမှလွတ်မြောက်စေနိုင်သော ဝိပဿနာဘာဝနာ ရှုမှတ်ပွားများနိုင်စေရန် လမ်းညွှန်ပေးရန်ဖြစ်ပြီး ဒုက္ခသစ္စာမှ လွတ်မြောက်ပြီး နိရောဓသစ္စာ (နိဗ္ဗာန်) သို့  မျက်မှောက် ပြုနိုင်သော ဥာဏ်အကျိုးပေး ကို ညွှန်ပြပေးနိုင်ရန် ဖြစ်သည်။

သာသနာ (၃) ရပ်

ဗုဒ္ဓသာသနာ (အဆုံးအမ) သုံးရပ်ရှိသည်။

၁။ ပရိယတ္တိသာသနာ (ဟောပြောခြင်း၊ စာပေမှတ်တမ်းတင်ခြင်း၊ သင်ကြားခြင်း)
၂။ ပဋိပတ္တိသာသနာ (မိမိခန္ဓာကိုယ်တွင်းသို့  မိမိဥာဏ်ဖြင့် ရှုမှတ်ပွားများ လေ့ကျင့်ခြင်း)
၃။ ပဋိဝေဓသာသနာ (ပဋိပတ္တိသာသနာ အကျင့်ကျင့်ပြီးမှသာလျှင် အရှိတရား၊ အမှန်တရား၊ သဘောတရားများသိမြင်လာပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်သို့  မျက်မှောက်ပြုအကျိုး ရရှိခြင်း)

မှတ်ချက်

ဘုရားသာသနာ သုံးရပ်တွင် - သာသနာပြုရန် ပံ့ပိုးခြင်း၊ လုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း ပြုလုပ်နိုင်သည့် အကျင့်နှစ်ဖြာဖြစ်သော ပရိယတ္တိ နှင့် ပရိပတ္တိသာရှိပေသည်။

(ပဋိဝေဓသာသနာသည် ကျင့်ပြီးမှသာလျှင် ရရှိသောအကျိုးဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။)

ဘုရားဂုဏ်တော် (၉) ပါး

(၁) အရဟံ
(က) အရဟံ = လူ နတ် ဗြဟ္မာ တို့ ၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(ခ) အရ ဟံ = ကိလေသာရန်သူတို့ ကို ပယ်သတ်တော်မူပြီး ဖြစ်ခြင်း။
(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့် သိခြင်း။
(၃) ဝိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (ဝိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့ နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သော စကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောသွားလာခြင်း / လာခြင်း)
(၅) လောကဝိဒူ = လောကကြီး သုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိ စ္ဆာန်၊ လူ၊ နတ် တို့ ကို ယဉ်ကျေး သိမ်မွေ့ အောင်ဆုံးမခြင်း။
ဒမ္မသာရထိ
(၇) သတ္ထာဒေဝ = လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့ ၏ ဆရာဖြစ်ခြင်း။
မနုဿာနံ
(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရား လေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
(၉) ဘဂဝါ = ဘုန်းတော် (၆) ပါး နှင့် ပြည့်စုံခြင်း။

တရားဂုဏ်တော် (၆) ပါး

(၁) ဟော = ဘုရားကိုယ်တိုင် ဟောခြင်း။
(၂) ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ရှုမြင် နိုင်ခြင်း။
(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ် အချိန်မဆိုင်းဘဲ ဖြစ်ခြင်း။
(၄) ဖိတ် = တရားနှင့် ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ် ရဲခြင်း။
(၅) ကပ် = မိမိသ န္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကို လက်တွေ့ ခံစားနိုင်ခြင်း။

သံဃာဂုဏ်တော် (၉) ပါး

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာ ကျင့်ကြံခြင်း။
(၃) နိဗ် = နိဗ္ဗာန်ရောက်ရေး ကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) ဝေး = အဝေးက သယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့် ပစ္စည်းကိုပင် အလှူ ခံထိုက်ခြင်း။
(၇) မြင့် = မြင့်မြတ်သော အလှူကို ခံထိုက်ခြင်း။
(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တဝါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

စာရေးသူ၏ မှတ်ချက်

တရားဂုဏ်တော် နှင့် သံဃာဂုဏ်တော် တို့၏ ပါဠိတော်တို့ကို မဖော်ပြထားပါ။ ဥပမာ - သွာက္ခာတော ဘဂဝတာ ဓမ္မော ..ကို ဟော ဟုသာ အတိုချုပ်ဖော်ပြထားပါသည်။

သရဏဂုံပျက်သူ

(၁) သေဆုံးသူ
(၂) အခြားဘာသာသို့ ကူးပြောင်းသူ
(၃) ကိုးကွယ်မှု မှားယွင်းသူ

(ဥပမာ - ဘုရားအဆုံးအမတွင်မပါသော သစ်သီးအမျိုးမျိုးကို ၎င်း၊ မခိုင်မာသည့် ရုပ်ပုံ၊ ပန်းပုများကို ၎င်း၊ မမြင်မသိရသည်များကို သူများအပြော မျက်စိမှိတ်ပြီး ကိုးကွယ်သူ)

သရဏဂုံတည်သူ (ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်သူ)

- ဘုရား၊ တရား၊ သံဃာရတနာ သုံးပါးတို့၏ ဂုဏ်တော် (ကျေးဇူး) ကို အစဉ်နှလုံးသွင်းကာ အားကိုးအပ်နှံပြီး ရတနာသုံးပါးတို့၏ အဆုံးအမကိုသာ လိုက်နာကျင့်သုံး နေသူသည်သာလျှင် သရဏဂုံတည်သူ ဖြစ်လေသည်။

http://buddhismworld.ning.com/ မှပြန်လည်ပူဇော်ပါသည်....

by http://matidonation.blogspot.com/2011/06/blog-post_4702.html

မှပြန်လည်ပူဇော်မျှဝေပါသည်ရှင်.... အားလုံးလေးစားခင်မင်လျှက်...

Reshared by Mone Myoe Thu

Sunday, October 28, 2012

မိန်းကလေးများ ပျက်စီးခြင်း (၉) မျိုး - ဆန်နီနေမင်း

တချို့မိဘတွေက သူတို့သမီးပျိုလေးများကို မပျက်စီးအောင် ဘယ်လိုဆုံးမပေးရမလဲ။ ဘယ်လိုပြုလုပ်သင့်ပါသလဲ လို့ မေးလာကြတဲ့အတွက် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးကို ရေးသားပေးလိုက်ပါတယ်။ ဒီအချက်တွေကို မိမိတို့သမီးများ မပြုလုပ်မိအောင် စောင့်ရှောက်ကာကွယ် သတိပေးထားမယ်၊ သမီးဖြစ်သူများကလည်း စောင့်ထိန်း လိုက်နာမယ်ဆိုရင်တော့ ပျက်စီးခြင်းများကနေ လွတ်ကင်းပါလိမ့်မယ်။


၁။ ပန်းခြံများသို့ အသွားများခြင်း။

၂။ ဥယျာဉ်များသို့ အသွားများခြင်း။

၃။ ရေဆိပ်သို့ အသွားများခြင်း။

၎။ ဆွေမျိုးအိမ်သို့ အသွားများခြင်း။

၅။ မကောင်းတဲ့မိတ်ဆွေများထံသို့ အသွားများခြင်း။

၆။ မှန်ကြည့်ခြင်း၊ အ၀တ်အစား၊ ပန့်နံ့သာဆင်ခြင်ခြယ်သမှုများခြင်း။

၇။ မူးယစ်စေတတ်တဲ့ အရက်သေစာများ သောက်စားခြင်း။

၈။ ပြတင်းပေါက်အပြင်သို့ အကြည့်များခြင်း။

၉။ အိမ်တံခါးဝကနေ မိမိခန္ဓာကိုယ်ကို အလှပြများခြင်း။

အထက်ပါ(၉)ချက်ထဲက တစ်ခုခုလွန်ကဲနေတဲ့ မိန်းကလေးဟာ ပျက်စီးခြင်း ဆိုက်ရောက်ရပါတယ်။ (ကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ နှာ-၁၂၀၊)

ဒါတွေကတော့ မြတ်ဗုဒ္ဓခေတ်က နေရာဒေသနဲ့အခြေအနေများ ဖြစ်ပါတယ်။ အဲဒီနေရာဒေသတွေနဲ့ အခြေအနေများကို မျက်မှောက်ခေတ်နဲ့ အစားထိုးကြည့်ပြီး သွားသင့်မသွားသင့်၊ ပြုလုပ်သင့် မပြုလုပ်သင့်ကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

တချို့က မိန်းကလေးများ ဘီယာသောက်ခြင်း၊ အရက်သောက်ခြင်းများဟာ မိန်းကလေးသိက္ခာ မထိခိုက်ဘူး။ မိန်းကလေးဣနြေ္ဒ ကျဆင်းမသွားဘူးလို့ ယူဆတတ်ကြပါတယ်။ အဲဒီလို ယူဆတဲ့မိန်းကလေးများဟာ မိမိတို့မိန်းကလေးတန်ဖိုးကို အလေးမထားသူများသာ ဖြစ်ပါတယ်။ အဲဒီလိုမိန်းကလေးများပြုလုပ်တာကို အပြစ်မဟုတ်ဘူးလို့ ယူဆကြတဲ့ ယောက်ျားလေးများကလည်း သူတို့ကိုယ်တိုင် ယောက်ျာလေးသိက္ခာ မရှိသူများသာ ဖြစ်ပါလိမ့်မယ်။

အထက်ကဖော်ပြခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုးထဲမှာ အရက်သေစာ သောက်စားခြင်းဆိုတာ ပါနေတဲ့အတွက် ယနေ့ခေတ်မိန်းကလေးများအနေနဲ့ အထူးသတိထား ဆင်ခြင်သင့်တယ်ဆိုတာ မမေ့ပါနဲ့။ မိမိကမိန်းကလေးမို့မိန်းကလေးပီသအောင် နေထိုင်ဖို့လိုပါတယ်။ ယောက်ျားလေးကလည်း

ယောက်ျားလေးပီသအောင်၊ ရဟန်းသံဃာဆိုရင်လည်း ရဟန်းသံဃာပီသအောင်၊ မိဘဆရာသမားလူကြီးဆိုရင်လည်း သူ့အဆင့်နဲ့သူ ပီသအောင်နေထိုင်မှသာ မိမိကိုယ်ကိုကိုယ်လည်း ကြည်ညိုလေးစားမိပြီး အများကလည်း လေးစားတဲ့သူ ဖြစ်နေမှာပါ။

အဲဒါမှသာ လောကရှိသတ္တ၀ါများဟာ သူကိုလည်း ကိုယ်ကလေးစား၊ ကိုယ့်ကိုလည်း သူကလေးစားနေမယ်ဆိုရင် အရာအားလုံးဟာ သင့်တင့်လျောက်ပတ်စွာနဲ့ ပြည့်စုံနေပါလိမ့်မယ်။

စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာခရီးကို လျင်မြန်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်....။



ဆန်နီနေမင်း

မူရင်း=မိန်းကလေးများ ပျက်စီးခြင်း (၉) မျိုး

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Credit to ^..^
http://buddhismworld.ning.com/


--
ခင်မင်စွာဖြင့်,

Youngster

တို့နှစ်ယောက်နောက် ခင်ကြီးပေါက်ဟေ့ - ရေးသားသူ တော်ဝင်နွယ်

တခါတုန်းက ပုဂံနေပြည်တော် အနီးအပါးက ရွာကလေးတစ်ရွာမှာ မောင်ပေါက်လို့အမည်ရတဲ့
အမျိုးသားတစ်ယောက် ရှိခ့ဖဲူးတယ်။ မောင်ပေါက်ဟာ ဖတဆိုးလေးဖြစ်တာမို့ ငယ်စဉ်ကတည်းကပဲ
ဘုန်းတောကြီးကျောင်းမှာ နေခ့ရဲ တယ်။ ဥာဏ်အနည်းငယ်ထုံထိုင်းပေမယ့် ရိုးသားသိမ်မွေ့ တဲ့ မောင်ပေါက်ကို
ဘုန်းတော်ကြီးက ဦးစားပေးစောင့်ရှောက်တော်မူပါတယ်။

မောင်ပေါက်ဟာ ဘုန်းတြော်ကီးသင်ပေးတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေကို
ဖတ်ရှုရပြီး ဘုရားအလောင်းတော်ကို အင်မတန်ကြည်ညိုအားကျသလို ကိုယ်တိုင်လဲဘုရားဆုပန်ထားသတ့။ဲ
ဒါကြောင့်မို့ မောင်ပေါက်ဟာ အသက်(၂၀)ပြည့်တ့အဲ ခါ ရဟန်းဘ၀ကိုခံယူပြီး အသက်အရွယ်ကြီးရင့်နေပြီ
ဖြစ်တဲ့ မိခင်ကြီးကို ဆွမ်းခံပြီး ကျွေးမွေးပြုစုပါတယ်။ ပါရမီဆယ်ပါးကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်း
သွားမယ်လို့ ဆုံးဖြတ်ထားသတ့။ဲ

ရဟန်းဘ၀ရောက်သွားတဲ့ မောင်ပေါက်ကို အဲဒီခေတ်တုန်းကတော့ 'ခင်ကြီးပေါက်' လို့ခေါ်ကြတယ်။
ခင်ကြီးဆိုတာ ရဟန်းတွေကိုခေါ်တဲ့ ရှေးခေတ်သုံး ပေါရာဏ ဝေါဟာရတစ်ခုပေါ့။ ခင်ကြီးပေါက်ရဲ့ လိမ္မာ
သိတတ်မှုဟာ သူတို့ရွာမှာတော့ အထင်ကရကိုဖြစ်လို့တဲ့ ၊ များသောအားဖြင့် ခင်ကြီးပေါက်တို့ ရွာသားတွေ
ဟာ အပျော်အပါးလိုက်စားခြင်း (ဣတ္ထိဓုတ္ထ) ၊ အရက်သေစာသောက်စားခြင်း (သုရာဓုတ္ထ) ၊ လောင်းကစား
ကျူးခြင်း (အက္ခဓုတ္ထ) လို့ခေါ်တဲ့ ဓုတ်သုံးပါးကို အလွန်အကျူးလိုက်စားကြတယ်။

ဒါကြောင့် မိဘတွေက သားမိုက်တွေကို အားမရတ့အဲ ခါ 'ခင်ကြီးပေါက်တို့န့ကွဲာပါ့ကွာ' လို့တစ်မျိုး ၊
မယားတွေက လင်ဆိုးတွေကို စိတ်တိုင်းမကျတဲ့အခါ 'ခင်ကြီးပေါက်န့ေဲ တာ့ မိုးန့ေဲ မြ' လို့တစ်ဖုံ နှိုင်းယှဉ်ကရဲ့ 
တတ်ကြတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ရဲ့ ချွတ်ယွင်းချက်ကို အပြစ်လို့မမြင်တတ်ကြတဲ့ အန္ဓပုထုဇဉ်တွေဟာ
ခင်ကြီးပေါက်ကိုပဲ မလိုတမာရန်ရှာတတ်ကြတယ်။

နောက်ဆုံးတော့ အရက်သမားတစ်စုဟာ ခင်ကြီးပေါက်ကြောင့်သူတို့ကို သူများတွေက က့ရဲ့ ရှုံ့ ချတာ
ကိုခံရတယ်။ ဒါကြောင့်မို့ ခင်ကြီးပေါက်ကိုလည်း သူတို့နဲ့တစ်ဂိုဏ်းသားတည်း ဓုတ်သုံးပါးထဲပါလာအောင်
ခင်ကြီးပေါက် ဖျက်ဆီးရေး အစီအစဉ်ကို ဆွဲကြသတ့။ဲ အစပိုင်းမှာတော့ အရက်သမားတွေဟာ ရွာထဲက
ကလေး တွေကို မုန့်ဖိုးပေးပြီး သီချင်းတစ်ပုဒ်ကို တဘောင်လုပ်ပြီး သီဆိုစေသတဲ့။ နောက်တော့ ခင်ကြီးပေါက်
မကြား ကြားအောင် ခင်ကြီးပေါက်ရဲ့ ကျောင်းအနီးအနားမှာ အရက်သမားနှစ်ယောက်ကို မကြာမကြာ အော်ဆို
ခိုင်းတယ်။

သူတို့ဆိုတာကတော့ -
'နုမှာငါးရာ ၊ ရင့်မှာတကျိပ်
နောင်လာရှစ်သောင်း ဘုရားပေါင်းတဲ့
ဘုရားပေါင်း နောက် တို့နှစ်ယောက်
တို့နှစ်ယောက်နောက် ခင်ကြီးပေါက် ဟေ့' ဆိုတဲ့ သံချပ်လင်္ကာလေးပါပဲ။

တစ်နေ့တော့ ခင်ကြီးပေါက်ဟာ နားနားနေနေ နေရင်း အရက်သမားနှစ်ယောက်ရဲ့  တဘောင်သီချင်း
ကို အသေအချာကြားလိုက်မိသတ့။ဲ ကြားမိတယ်ဆိုရင်ပဲ တဘောင်စကားရဲ့ အနက်အဓိပ္ပါယ်ကို သူနားလည်
သလိုဖေါ်ကြည့်တယ်။ ' အင်း … နုမှာငါးရာ ရင့်မှာတကျိပ်ဆိုတာ ပါရမီနုသေးတ့ဘဲုရားလောင်းကငါးရာ
ပါရမီရင့်မာပြီးသား ဘုရားလောင်းကတကျိပ် နောင်လာရှစ်သောင်း ဘုရားပေါင်းတဲ့ ဆိုတာက အဲဒီ
ဘရုားလောင်း ငါးရာ နဲ့ တကျိပ်နောက်မှာ ဘုရားပေါင်းရှစ်သောင်း ပွင့်တော်မူဦးမယ် ဘုရားပေါင်းနောက်
တို့နှစ်ယောက်ဆိုတာကတော့ အဲဒီဘုရားပေါင်း ရှစ်သောင်းငါးရာတကျိပ် ပွင့်တော်မူပြီးတ့အဲ ခါမှာ အဲဒီ
အရက်သမား နှစ်ယောက် က ဘုရားအဖြစ်ပွင့်တော်မူမယ်လို့ ဆိုလိုတာပဲ။ တို့နှစ်ယောက်နောက်
ခင်ကြီးပေါက်ဟေ့ ဆိုတာကတော့ သူတို့နှစ်ယောက်ဘုရားအဖြစ် ပွင့်ပြီးမှ ငါ့အလှည့်ကျမှာပါလား … ဟာ…
ဒီလိုဆိုရင် ငါဘုရားဖြစ်ဖို့ဟာ အဝေး ကြီးရှိပါသေးလား ငါ့ရဲ့ နောင်တော် ဘုရားလောင်းတွေတောင်မှ
မူးတုန်းရူးတုန်းရှိသေးတယ် ငါလည်း ပွင့်ချိန် မတန်သေးတ့အဲ တူတူ သူတို့လိုပျော်ပျော်ပါးပါး နေဦးမှပါပဲ ' လို့
လည်းစိတ်ကူးမိသတ့။ဲ ဒီလိုနဲ့ တဘောင်စိတ်ကူးနဲ့ အူမြူးနေတဲ့ ခင်ကြီးပေါက်ဟာ မကြာခင်မှာပဲ
ရဟန်းဘ၀ကလူထွက်ပြီး သူရာတင်းကုပ်မှာ အရက်သမားတစ်အုပ်နဲ့ ဓုတ်သုံးဓုတ်အသင်းဝင်သွားပါသတ့။ဲ

ဒီဓမ္မပုံပြင်ကလေးဟာ စမိပေမယ့် စွဲမြဲမှုမရှိတာကြောင့် မအောင်မမြင်ဖြစ်သွားရတဲ့ သာမာန်ပုထုဇဉ်
တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက်လေးကို သရုပ်ဖေါ်ထားတာပါ။ သန္နိဋ္ဌာန်တစ်စဖေါ်ပြလိုက်တာပါ။ ပုထုဇဉ်
ဘ၀ရဲ့ အိမ်မက်ကောင်းတွေဟာ ဒီလိုအဓိဋ္ဌာန်ပါရမီ မခိုင်မြဲမှုကြောင့်ပဲ တစ်ဝက်တစ်ပျက်နဲ့ ပျောက်ကွယ်ကုန်
ကြရပါတယ်။

သူတော်ကောင်းလမ်းမကြီးပေါ်မှာရှိတဲ့ ဒါနမှု ၊ သီလမှုတွေဟာ အဓိဋ္ဌာန်ပေါက်မှပဲ ပါရမီမြောက်ကြပါ
တယ်။ သတ္တ၀ါတစ်ဦးအနေနဲ့ သံသရာခရီး ပုထုဇဉ်လမ်းမကြီးပေါ်မှာ အဓိဋ္ဌာန်မပေါက်လို့ ပါရမီမမြောက်ဘဲ
စွန့်ပစ်ခ့ရဲ တဲ့ ကောင်းမှုကုသိုလ်တွေဆိုတာ အနန္တအသင်္ချေပါ။ နှမြောစရာကြီးပါ။ စိစစ်ကြည့်ရင် အဓိဋ္ဌာန်ပါရမီ
ဆိုတာ ပါရမီအားလုံးရဲ့ အမြုတေရတနာတစ်ခုဖြစ်ပါတယ်။

အဓိဋ္ဌာန်ပါရမီခိုင်မြဲဖို့ဆိုရင် သူတော်ကောင်းတရားပေါ်မှာ အခြေခံတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရဲတင်း
တ့ယဲုံကြည်ချက် ၊ ပြင်းပြတ့ဆဲ န္ဒ ၊ ထက်သန်တ့လဲုံ့ လ ၊ စွဲမြဲတဲ့သတိ ၊ တည်ကြည်တ့သဲ မာဓိ နဲ့ တောက်ပတဲ့
ပညာတွေရှိဖို့ လိုပါတယ်။ အဲဒီအရင်းအမြစ်တွေမရှိဘဲနဲ့ တော့ အဓိဋ္ဌာန်ပါရမီဆိုတာ သီးပွင့်လာစရာ
အကြောင်းမရှိပါဘူး။ အရင်းအမြစ်မှန်မှ အသီးအပွင့်မှန်ပါတယ်။

တကယ်တော့ ပုံပြင်ထဲက ခင်ကြီးပေါက်ဆိုတာဟာ စာရေးသူအပါအ၀င် သာမာန်ပုထုဇဉ်တွေကို
ကိုယ်စားပြုနေတဲ့ ဇတ်ရုပ်တစ်ရုပ်ပါ။ ပုထုဇဉ်ဆိုတာ သဲသောင်ပြင်ပေါ်မှာ သဲအိမ်တည်ဆောက်တမ်း ကစား
ပျော်မြူးတတ်ကြတဲ့ ကလေးတွေလိုပါပဲ။ သံသရာတစ်ဖက်ကမ်းကို ကူးဖို့ရည်ရွယ်ချက်မရှိပဲ ဒီဘက်ကမ်းလို့
ဆိုတဲ့ 'လောကီဘ၀' သဲသောင်ပြင်ပေါ်မှာပဲ 'အဓိဋ္ဌာန်ပါရမီသဲအိမ်' တွေတည်ဆောက်ပြီး ပျော်မြူးနေ
ကြတယ်။ တည်ဆောက်လိုက် ၊ ပျက်စီးသွားလိုက် ၊ ပြန်တည်ဆောက်လိုက်နဲ့ ပျော်နေလိုက်ကြတာ
ဘယ်သောအခါမှ ပွင့်တော်မမူမယ့် ဘုရားလောင်းဘ၀နဲ့ပေါ့။

တော်ဝင်နွယ်

( အပ္ပမာဒ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၉)မှ တော်ဝင်နွယ်၏ ဆောင်းပါးကို ပြန်လည် မျှဝေအပ်ပါသည်။ )
ဗုဒ္ဓဘာသာ၊ သာသနာနှင့် လူမှုအကျိုး သယ်ပိုးထမ်းရွက်လိုသူများအား Lotus Foundation မှ
နွေးထွေးသောလက်များဖြင့် ကမ်းလင့်ကြိုဆို ပါ၏။
www.lotusfoundationmm.org (18/12/09)
Lotus စာစဉ် အမှတ်(၁၃) ဘာသာရေး
Source and Credit to lotusfoundationmm.org