Paw Oo Myay

သားတို့ သမီးတို့စဉ်းစားပါ
အရမ်းတော့ မယုံစရာ
စာမေးပွဲမှာ အောင်လိုက
စာကြိုးစားလိုက်ကြ။
ဇွဲနဲ့လုံ့လ အရင်းခံ
ကြိုးစားချိန်မှန်မှန်
ထိုသူဧကန် ချမ်းသာပွား
ပညာ စီးပွား ကောင်းကျိုးများ။
မကြိုးစားဘဲ အပျင်းထူ
ဆုပဲတောင်းနေသူ
ကယ်မည့်သူ ဘယ်မရှိ
သေချာ ဒုက္ခရောက်မည်သိ။
ကိုယ်၏စွမ်းအား ကိုးကွယ်ပါ
သေချာကြီးပွား တိုးတက်မှာ
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား
ကောင်းကျိုး လိုလား ကျင့်စေသား။
ကံ၊ ဥာဏ်၊ဝီရိယ စွမ်းအင်များ
ဖန်ဆင်းရှင်လို့ မှတ်စေသား။
by: Paw Oo Myay
No comments:
Post a Comment