Pages

Saturday, October 20, 2012

Ashin Vicara ဓမ္မ မှတ်စု [Nyan Myint Lay]

Nyan Myint Lay

ဓမ္မ မှတ်စု

*********
ကာမဂုဏ် စည်းစိမ် ခံစားသော လူဝတ်ကြောင် တို့ တွက် ဒီဃ ဇာဏု မည် သော ကောလိယ မင်းသား ကမေးရာ
ဘုရား ရှင် က ဤသို့  မိန့် ၏။

၁။ ဥဋ္ဌာနသမ္ပဒါ = စီးပွါးရေး အလုပ် ၌ ကြိုးစားလုပ်ဆောင်သော ထကြွ လုံ့ လ နှင့် ပြည့် စုံ ခြင်း။

၂။ အာရက္ခ သမ္ပဒါ = ရှာဖွေ ရရှိ သော အရင်းအနှီး ဥစ္စာ တို့  ကို ကြီးပွါး တိုးတက် အောင် ထိန်းသိမ်း စောင့်ရှောက်တတ်ခြင်း။
၃။ ကလျာဏ မိတ္တ တာ = အဆက်အသွယ်ကောင်း မိတ်
ဆွေကောင်း များရှိ ခြင်း။
၎။ သမဇီဝိ တတာ = ဝင်ငွေ ထွက်ငွေ ဘတ်ဂျက် စာရင်း ဇယား ကောင်းစွာ စီမံ ခန့် ခွဲ ၍ မျှ တစွာ အသက်မွေးတတ်ခြင်း။
ဤတရား လေးပါးနှင့် ပြည်စုံသူ သည် မျက်မှောက် ဘဝ ၌ ပင် ချမ်းသာခြင်း ကို ရရှိနိုင်သူ ဖြစ်၏။
တဖန်
၁။ သူသား မယား လွန်ကျုး လေ့ မရှိသူ လိုက်စားလေ့ မရှိသူ ဖြစ်ခြင်း။
၂။ အရက်သောက် လေ့ ရှိသူ မဟုတ်ခြင်း။
၃။ လောင်းကစားမှု ပြု လေ့  ရှိ သူ မဟုတ်ခြင်း။
၎။ မိတ်ဆွေကောင်း ရှိသူ ဖြစ်ခြင်း။
ဤတရား လေးပါး နှင့် ပြည့်စုံပါက မျက်မှေက် ဘဝ၌ စီးပွါး ချမ်းသာ ဆုတ် ယုတ်ခြင်းသို့ မရောက်ဘဲ ကြီပွါး တိုး တက် ခြင်း သို့ သာ ရောက်ပေမည်။

နောက်တဖန် သဒ္ဓါ သီလ သုတ စာဂ ပညာ ဤ သမ္ပဒါ ၄ ပါး နှင့် ပြည့် စုံ ပါ က တမလွန် ကြီး ပွါး ချမ်း သာ ကို လည်း ရပေမည်။ ။

( အံ - အဋ္ဌက ။)ဲ
Ashin Vicara

No comments:

Post a Comment