Pages

Saturday, October 20, 2012

ရွှေတိဂုံ စေတီတော် ဝါတွင်းကာလ ဗုဒ္ဓပူဇော်ပွဲတော်များနှင့် သီလ ခံယူပွဲများ ဖိတ်ကြားလွှာ By Phillip Pyae


  • ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ ခင်ဗျာ

    လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးတွင်

    ယခု (၁၃၇၄-ခုနှစ် ဝါဆိုလပြည့်နေ့) August 2nd 2012 မှ (သီတင်းကျွတ်လပြည့်နေ့) October 30th 2012 အထိ ဝါတွင်းသုံးလ၌

    မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာ နေ့ထူးနေ့မြတ်အခါတော်နေ့ အခမ်းအနားများနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်များကို ဂေါပကအဖွဲ့က ကြီးမှုး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်ရာ

    ဝါဆို လပြည့်နေ့ (August 2nd 2012, Thursday) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနားနှင့် ဝါဆို ရွှေကြာသင်္ကန်းအလှူပူဇော်ပွဲ အခမ်းအနား၊

    ဝါခေါင် လပြည့်နေ့ (September 1st 2012, Saturday)တွင် မေတ္တာတော်နေ့ အခမ်းအနား၊ ပန်းပေါင်း ၈၄၀၀၀ ပူဇော်ပွဲ အခမ်းအနားနှင့် (၁၅) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား၊

    တော်သလင်းလပြည့်နေ့ (September 30th 2012, Sunday)တွင် ဂရုဓမ္မ အခါတော်နေ့ အခမ်းအနား၊

    သီတင်းကျွတ် လပြည့်နေ့(October 30th 2012, Tuesday)တွင် အဘိဓမ္မာ အခါတော်နေ့ အခမ်းအနား

    များ ကျင်းပမည် ဖြစ်သည့်အပြင် ကြားရက် ဥပုသ်နေ့တိုင်း ဘုရားဖူးပြည်သူများအနေဖြင့် ရွှေတိဂုံ စေတီတော် သြဝါဒ စရိယဆရာတော်ကြီးများထံမှ သီလ ခံယူဆောက်တည်နိုင်ရန် သီလ ခံယူပွဲများ ကျင်းပပေးရန်လည်း စီစဉ်ထားရှိကြောင်းနှင့် ရဟန်း ရှင်လူပြည်သူများ ပါဝင်လှူဒါန်း ကုသိုလ်ပြုနိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ ဖိတ်ခေါ် နှိုးဆော်အပ်ပါသည်။

    နေရာ - ရွှေတိဂုံ စေတီတော်မြတ်၊ ရန်ကုန်မြို့

    အချိန် - ဝါဆို လပြည့်နေ့ (August 2nd 2012, Thursday)
    ဝါခေါင် လပြည့်နေ့ (September 1st 2012, Saturday)
    တ်ာသလင်းလပြည့်နေ့ (September 30th 2012, Sunday)
    သီတင်းကျွတ် လပြည့်နေ့(October 30th 2012, Tuesday)


    ** မိမိတို့၏ Facebook Friends များကို ကူညီ၍ Invite Friends လုပ်ခြင်းဖြင့် (နိဗ္ဗာန်ဆော်) မဟာကုသိုလ်တော် ပါဝင်ကြပါရန် မေတ္တာရပ်ခံပါသည်။

    မူရင်းလင့် https://www.facebook.com/events/153655921424929/?ref=ts&fref=ts

No comments:

Post a Comment