Pages

Tuesday, January 1, 2013

ဗုဒ္ဓဘာသာလူမျိုးများအနေဖြင့် မဖြစ်မနေ သိထားသင့်သည့် ဒုစရိုက်(၁၀)ပါး

  • ကာယဒုစရိုက် = ကာယကံ(၃)ပါး
  • ဝစီဒုစရိုက် = ဝစီကံ(၄)ပါး
  • မနောဒုစရိုက် = မနောကံ(၃)ပါး

ကာယဒုစရိုက် = ကာယကံ(၃)ပါး
(၁) ပါဏာတိပါတ - သူတစ်ပါးအသက်ကို သက်ခြင်း။
(၂) အဒိန္နာဒါန - ပိုင်ရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။
(၃) ကာမေသုမိစ္ဆာစာရ - ကာမဂုဏ်တို့၌ မှားယွင်းစွာ ဖောက်ပြန်ကျူးလွန်ခြင်း။

ဝစီဒုစရိုက် = ဝစီကံ(၄)ပါး
(၁) မုသာဝါဒ - မဟုတ်မမှန်သော အရာကို ဟုတ်မှန်သည့်အနေဖြင့် လိမ်ညာပြောဆိုခြင်း။
(၂) ပိသုဏဝါစာ - ချောပစ်ကုန်းတိုက်ခြင်း၊ ချစ်သူနှစ်ဦးကွဲသွားအောင် သို့မဟုတ် မိမိအား ချစ်ခင်လာအောင် ချစ်သူနှစ်ဦးကို ရန်တိုက်ပေးခြင်း၊ သင့်တင့်ညီညွတ်နေသော မိတ်ဆွေတို့ကို မသင့်မတင့်ဖြစ်အောင် စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်း။
(၃) ဖရုသဝါစာ - ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာ ပြောဆိုခြင်း။
(၄) သမ္ဖပ္ပလာပ - မိမိသူတစ်ပါး နှစ်ဦးသား လုံးဝအကျိုးမရှိ ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း။

မနောဒုစရိုက် = မနောကံ(၃)ပါး

(၁) အဘိဇ္ဈာ - သူများစည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝနေသည်ကို မြင်သောအခါ "ထိုစည်းစိမ်ဥစ္စာချမ်းသာများ ငါ၏စည်းစိမ်ဥစ္စာ ဖြစ်လာပါမူ ကောင်းလေစွ"ဟု သူတစ်ပါး၏ စည်းစိမ်ချမ်းသာအပေါ် မကောင်းသောအကြံဖြင့် ကြံစည်ခြင်း။
(၂) ဗျာပါဒ - သူတစ်ပါးအပေါ်၌ ပျက်စီးစေလိုသည့်စိတ် ဖြစ်ပေါ်ခြင်း။
(၃) မိစ္ဆာဒိဠိ (မှားသောအယူ) - လှူခြင်းသည် အကျိုးမရှိ၊ မလှူခြင်းသည် အပြစ်မရှိစသည် ကောင်းတာလုပ်ခြင်းသည် အကျိုးမရှိ၊ မကောင်းတာလုပ်ခြင်းသည် အပြစ်မရှိစသည်ဖြင့် ဖောက်ပြန်မှားယွင်းစွာ ယူခြင်း။

စသည်တို့ဖြစ်ပါသည်။ ဒုစရိုက်(၁၀)ပါးတို့ကို ကြိုးစားစောင့်ထိန်းသင့်ပါသည်။
("ဗုဒ္ဓဘာသာကောင်းတစ်ယောက်" စာအုပ်မှ) နှလုံးသားအာဟာရ

forwarded by

No comments:

Post a Comment